Part 10

65 6 0
                                    

Zawgyi code

တက္ကသိုလ်တွင်

ဇိုင်း ဇေယျာ့ကိုအပူအပြင်းလိုက်ရှာနေမိသည်။
ဘာကြောင့်မှန်းမသိ မျက်နှာလေးအားအရမ်းမြင်ချင်နေသည်။

အပေါ်ဆောင်တွင်
သူ့သူငယ်ချင်းဖြစ်ဟန်တူသောနှစ်ယောက်နဲ့စကားပြောနေသော ခန့်အားတွေ့လိုက်သည်။

တစ်ယောက်ကခန့်အားပခုံးမှဖက်ထားသောကြောင့် ဇိုင်းစိတ်တိုသွားသည်။

ရာရာစစသူများအနာဂတ်ရည်းစားကိုများ

ဇိုင်း စိတ်တိုတိုနဲ့ ဖက်ထားသူရဲ့လက်အားသွားပုတ်ချလိုက်သည်။

တေဇ- ဟေ့ကောင် မင်းဘာလုပ်တာလဲ

ဇိုင်း- ခင်ဗျားကဘာလို့သူများကိုဖက်ထားတာလဲ
သူများ ကြိုက်မကြိုက် မသိဘဲနဲ့

တေဇ- နေပါအုံး မင်းကဘာကောင်မို့ပြော...

ခန့်- ဟာ နားငြီးတာကွာ
ဘာတွေဖြစ်နေတာလဲ ဇိုင်း မင်းရော

သုတ- သြော် ဒါဇိုင်းလား

ဇိုင်း- သိတာလား

တေဇ- ဇေယျာကပြောဖူးတယ် မင်းအကြောင်းတွေကိုလုံးဝ....အ ချီးဘာလဲဟ

ဇေယျာ ပိတ်ရိုက်လိုက်သည်။ အဲ့ကောင်လုပ်တာနဲ့အကုန်ပေါ်တော့မည်မလား

ဇိုင်းကတော့စိတ်ထဲကြိတ်ပြုံးလိုက်သည်

ခန့်- မင်းကဘာလာလုပ်တာလဲ

ဇိုင်း- ခန့်ကိုမုန့်ကျွေးချင်လို့

ခန့်- ဘာကိစ္စလဲ အခုလား

ဇိုင်း- အင်း လာခေါ်တာလေ အခု

ခန့်- အခုကအတန်းရှိသေးတယ်

ဇိုင်း ဇေယျာ့နား နားကပ်ကာ

'အခုမလိုက်ရင် ပွေ့ချီသွားမှာ' တဲ့

ခန့်ဇေယျာ တစ်ချက်တုန်သွားသည်

ဇိုင်းတစ်ချက် ခနဲ့သလိုရီလိုက်သည်

ဇိုင်း ပြန်ခွာကာ

' လိုက်မှာလား မလိုက်ဘူးလား'

ခန့်- လိုက်မယ် လိုက်မယ်

ဇိုင်း - လိမ္မာတယ်

You've reached the end of published parts.

⏰ Last updated: Sep 23, 2023 ⏰

Add this story to your Library to get notified about new parts!

အကယျ၍သာ...Where stories live. Discover now