Part 3

37 8 2
                                    

ညနေခင်းအချိန်တွင်
မှိုင်းညပြန်ရောက်လာသောအခါ အခန်းထဲတွင်လူစုံနေပြီဖြစ်သည်။ ဇိုင်းလည်းပြန်ရောက်နေ၏။

မှိုင်းည- ဟေ့ကောင် ဇိုင်း တက္ကသိုလ်တက်ရတာဘယ်လိုနေလဲ

စစ်ပိုင်- အေး ငါတို့လည်းမေးနေတာ အဲ့ဒါ ဒီကောင်ပြန်ရောက်ကတည်းကမှိုရထားတဲ့မျက်နှာနဲ့ ဖြီးလို့်

မင်းထက် ဇိုင်းရဲ့လက်မောင်းကိုတစ်ချက်ဖွဖွထိုးလိုက်ကာ
မင်းထက်- ဖြေစမ်းပါအုံး ငါ့ကောင်ရ

ဇိုင်းလည်းသကောင့်သားတွေကဇွတ်မေးနေတာကြောင့်

ဇိုင်း- ဒီလိုကွာ ဒီနေ့ငါကောင်လေးတစ်ယောက်နဲ့ဝင်တိုက်မိတာကွာ အယ်..မဟုတ်ဘူး သူကဝင်တိုက်တာကွာ ငါ့ကို အဲ့ကောင်လေးကတော်တော်လှတာကွာ တော်တော်ရီးကို

မင်းထက်- ဆိုတော့မင်းကသူ့ကိုကြိုက်နေတာလား နာမည်ကဘာတဲ့လဲ

ဇိုင်း- ခန့်ဇေယျာတဲ့ ဒါမယ့်ကြိုက်မကြိုက်ကမသိသေးပါဘူး သေချာတော့

ရှိုင်းခန့်- မင်းကြိုက်ရင်လည်းသေချာတော့သတိထားမှဖြစ်မယ်။ သူ့ကိုမင်း Locous ဆိုတာနဲ့တော့ခွဲထားမှဖြစ်မယ်။ ပြီးတော့မင်းကိုယ့်ဇာတ်ကိုနိုင်အောင်ထိန်းနိုင်မှ

ဇိုင်းခေါင်းညိမ့်လိုက်သည်။ ဒီကောင်လေးကိုသူအထိခိုက်မခံနိုင်တာတော့အမှန်ဘဲ ။

မှိုင်းည- ဒါနဲ့ရှိုင်းခန့်တို့ရော ဒီနေ့အဆင်ပြေခဲ့ကြလား

ရှိုင်းခန့်- အင်း မဆိုးပါဘူး အချိုးတွေကတော့နည်းနည်းမပြေသလိုဘဲ။ ပစ္စည်းတွေကတော့မှန်တယ်ရယ်

မှိုင်းညသွေး ခေါင်းညိမ့်ကာ
မှိုင်းည- မင်းထက် မင်းဟိုအကြောင်းပြောလိုက်အုံးလေ

အားလုံးရဲ့အကြည့်ကမင်းထက်ထံရောက်လာကြတယ်။

မင်းထက်- ဒီလိုကွာ............

(ပြောပြလိုက်ပြီးနောက်)

ဇိုင်း- ဆိုတော့ကာ လီလီသော်တာ့ကိုကပ်ရမှာဘဲ ။ ဒါမျိုးက ဇိုင်းဝေဆာမင်းအတွက် a piece of cake ဘဲ။ မနက်ဖြန်စမယ် အဲ့ဆို အခုအိမ်သွားမလို့ လိုက်မှာမလား

အကယျ၍သာ...Where stories live. Discover now