Part 9

35 6 7
                                    

Zawgyi code

Unphobia စံအိမ်၌..

မင်းထက်- Locus ရာ မင်းသေချာလို့လား

ဇိုင်း ထပ်ကာထပ်ကာ ခေါင်းညိမ့်လိုက်သည်

ဇိုင်း- သူဘဲကွ လုံးဝသေချာတယ် ငါခံစား​နေရတယ်

စစ်ပိုင်- ဒါကမင်းအချစ်ဦးဆိုရင် ခန့်ဇေယျာကရော

ဇိုင်း- ငါလည်းသိပ်မသိဘူး ခန့်ဇေယျာနဲ့နေရင် အေးချမ်းမှုကိုခံစားရတယ် သူ့မျက်နှာလေးကြည့်ပြီးတစ်နေကုန်အေးအေးချမ်းချမ်းနေနိုင်တယ် တွယ်တာငယ်ကျမတူဘူး သူ့ကိုကြည့်ရတာအမြဲပူလောင်တယ် သူကအမြဲတစ်ခုခုကိုစဉ်းစားနေသလိုမျိုး တောက်ပတဲ့မျက်လုံးတွေရယ် အဲ့တာကိုကသူ့အားသာချက်ဘဲကွ
ဒါပေမယ့် သူတို့နှစ်ယောက်မှာတူတာတစ်ခုရှိတယ် ကြီးကြီးမားမားကိုတူနေတာ ဘယ်မှန်းတော့ငါစဉ်းစားမရဘူး

မှိုင်းည- ကဲပါ နားတော့ မင်းလည်းမနက်ကျောင်းရှိသေးတာကို သွားတော့ ကျန်းမာရေးကအရေးကြီးတယ်ကွ

အားလုံးကိုယ်စီအခန်းထဲဝင်သွားကြသည်။

K ဘက်တွင်

K- သူဘဲ သူကဘယ်လိုဖြစ်ပြီး Locus လဲ ။ ငါသူ့ကိုထပ်မတွေ့ရတော့ဘူးထင်ခဲ့တာ တွေ့တိုင်းလည်း ရင်ဘတ်ကတအားအောင့်တယ် မင်းမြတ်တွယ်တာ မင်းကိုယ်မင်းထိန်းစမ်း မင်းသူ့ကိုမေ့ပစ်ရမှာကွ

နှစ်ယောက်သားအတွေးကိုယ်စီဖြင့် အတိတ်ဆီသို့ပြန်လည်ခရီးနှင်ကြရာတွင်.....

လွန်ခဲ့သော ကိုးနှစ်ခန့်

Locus တစ်ယောက် သူ့ဖေဖေနဲ့ခြံထဲမှာဘောလုံးကန်နေတုန်းပေါ့
(ဇိုင်းဝေဆာမင်းဆိုတာကိုလျှို့ဝှက်ထားသေးသည်)

မျက်နှာချင်းဆိုင် စံအိမ်ကို လူသစ်တွေရောက်လာကြသည်

locus- ဒယ်ဒီ ဒါတွေကဘယ်သူတွေလဲဟင်

ဦးဇိုင်းမာန်- လူသစ်တွေပေါ့ သားရ မင်းကလည်း ဒီအိမ်သစ်ကိုပြောင်းလာကြတာပေါ့

locus- သား အရွယ် ကလေးလေးတွေမပါဘူးလားမသိဘူးနော် ဒယ်ဒီ

ဦးဇိုင်းမာန်- သြော် ငါ့သားရယ် သူတို့ကအခုမှရောက်လာကြတာလေ ဒယ်ဒီလည်းဘယ်သိမလဲကွ ခဏနေ မင်းမာမီမုန့်လုပ်ပြီးအဲ့အိမ်ကိုပေးခိုင်းလိမ့်မယ် သိတယ်မလား အဲ့ကျသားလိုက်သွားပေါ့

အကယျ၍သာ...Wo Geschichten leben. Entdecke jetzt