ကိုကို.....ဟင့်
ကိုကို သက်သာရဲ့လား"
သတိလစ်နေရက်ကနေ
နိုးနိုးချင်းမြင်လိုက်ရသည်က
မေရီ့ကိုသာ
"အင်း..မေရီ ကိုကိုသက်သာပါတယ်
ဒါနဲ့ Driver ရော"
"ဦးလေးကြီးကလက်စတီးရိုးထည့်ရမလား
မသိဘူး..
အခုကခွဲစိတ်ခန်းဝင်နေတုန်းပဲ"
"ဟုတ်လား..."
"ဒါနဲ့
ကိုကို တကယ်သက်သာရဲ့လားဟင်...ကိုကိုက
မေရီကို ရူးသွားအောင်လုပ်နေတာများလား"
မျက်နာနုနုလေးထက်တွင်
စိုးရိမ်မူ့ကအထင်းသားနဲ့
သူမအရမ်းလန့်သွားပုံသာ
"ကိုကို ခေါင်းတွေဘာတွေရော
ကိုက်လားဟင်..အန်ချင်သလိုရောဖြစ်..."
"ကိုကိုခေါင်းပေါက်ရုံပါမေရီရ...
ကားကအရှိန်တစ်ခုနဲ့သစ်ပင်ဝင်ဆောင့်တော့
ကိုကိုခေါင်းကွဲရုံလေးပါ
တကယ်တမ်းနစ်နာသွားရတာ
Driver ဦးလေးကြီးပဲ ကိုကိုသူ့အတွက်
ဆေးရုံဆင်းပြီး အရင်လိုပြန်ဖြစ်သည်အထိ
အစအဆုံး တာဝန်ယူပေးမယ်"
"အင်း ကိုကို့စိတ်ကိုမေရီသိတယ်
အခုလိုအချိန်တောင်
ကိုကိုကသူများအတွက်ကိုပဲ
တွေးပေးနေတာ....
ဟင့်...မေရီဘယ်လောက်
စိတ်ပူခဲ့ရလဲဒါကိုကိုကိုသိရဲ့လား
ကိုကိုသာတစ်ခုခုဖြစ်ရင်
မေရီရူးသွားမှာ ဟင့်"
"မေရီ....ကိုကို အဆင်ပြေတယ်နော်
မငိုရဘူး.... ကိုကိုဘာမှမဖြစ်ဘူး
မေရီကိုကို့နားရှိနေရုံနဲ့ကိုကိုအကုန်အဆင်ပြေတယ်....ဘာမှမဖြစ်ဘူး..."
"မသိဘူး မေရီစိတ်ပူတာပဲသိတယ်"
"ကိုကို့မေရီကအရမ်းစိတ်ပူခဲ့တာပဲလား
ဒီလောက်နဲ့တင်
ကိုကိုသေပျော်ပါပြီကွာ"
"ကိုကိုနော် မပြောကောင်းမဆိုကောင်းတွေ"
ချစ်ရသူလေးကို ရင်ခွင်ထဲထည့်
ထားပြီး စကားပြောနေရလို့လားမသိ
သူ့ဝေဒသနာတွေသည်တဝက်လောက်
သက်သာသွားသလိုသာ.....
========
"သားလေး..... သားရယ်
မသေကောင်းမပျောက်ကောင်း
မေမေ ရင်တွေပူလိုက်တာ...
...
ငါ့သားလေးသာတစ်ခုခုဖြစ်ရင်
အဲ့ဒီလူကို အပြီးသတ်ပစ်မယ်"
