အပိုင်း။၅။အမုန်းဖြင့်စီရင်စေ

2.1K 238 14
                                    

"ဟေ့ကောင်
အခုကဘာဖြစ်ပြန်တာလဲ"

ဆေးအိတ်ကြီးကိုင်ကာ အူယားဖားယား
ပြေးလာသူ မင်ဂျယ် သည်
အခန်းရှေ့တွင်ဆေးလိပ်သောက်မပျက်သောJK ကို တွေ့သည်နှင့်
လူနာအခြေအနေပြေး
မေးရတော့သည်

မမေးလို့လည်းမရ ရှေ့ရက်ကပဲ
ထိုလူဟာJK ကောင်းမူ့ကြောင့်
သတိလစ်စွာရောက်ရှိလာခဲ့ရသည်မဟုတ်ပါလား

"ဒါတော့
ငါကဘယ်လိုသိမလဲ ပြန်လာတဲ့အချိန်ကြမ်းပြင်မှာလူသေလိုလဲနေပြီးခေါ်မရဘူး
ဖျားနေတယ်ဝင်သာကြည့်လိုက်"

"JK....မင်းကတော့လား
တော်တော် လက်ပေါက်ကပ်တဲ့ကောင်သူများသားသမီးကို
ဆွဲချင်သလိုဆွဲချလာပြီး
ကိုယ်နဲ့မဆိုင်သလိုနေနေလိုက်..."

"ခေါ်လာတာကငါဆို
နေကောင်းအောင်နေမှာက
သူမဟုတ်ဘူးလား."

"ဘာ!!! "

"ငါ့လာရစ်မနေနဲ့ ဝင်သာကြည့်
နောက် မင်းလူနာသေနေအုံးမယ်"

ဆေးလိပ်ကိုပဲသည်းကြီးမည်းကြီး
သောက်ဖို့စိတ်ရှိနေသူသည် စကားကိုဘုတွေကြီးပြောကာ သူငယ်ချင်း လုပ်သူအား
အထဲသို့ဝင်သွားခိုင်းနေခဲ့သည်

ထပ်ပြောရင်စကားများရုံသာရှိတော့မယ့်အခြေနေမို့မင်ဂျယ်သည်လည်း
သူ့ကိုဖက်မပြောတော့ကာ
အထဲသို့ဝင်သွားခဲ့သည်

အခန်းထဲရောက်ရောက်ခြင်း
မြင်လိုက်ရသည်က
ကုတင်ပေါ်တွင် အသိကင်းစွာရှိနေသောထိုလူသား.....

ခပ်မြန်မြန် အနားသို့ကပ်သွားကာ
စပ်းသပ်ကြည့်တော့ ကိုယ်ခံအားလည်းမရှိသလောက်ဖြစ်နေကာ
အဖျားတွေကြီးနေခြင်း

ဒီကောင်ဒီရက်ထဲဘာမှမကျွေးထားဘူးပဲ အရင်ဆုံး
ရေချိုးခန်း ဘက်သို့ပြေးကာ
ရေးတစ်ခွက်ခပ်ပြီးအဖျားကျဖို့
ကိုယ်တိုက်ရတော့မည်သာ

"JK  ဟဲ့ကောင် JK"

"ဘာလဲ ငါမအားဘူး"

"အဲ့ဒီအရည်မရအဖတ်မရဟာကြီးကိုငြိမ်းပြီး မင်းလူကိုကိုယ်ပတ်လာတိုက်...
ငါဒီမှာဆေးလုံးကြီးချိတ်ဖို့လုပ်ရမယ်မအားဘူး"

"မလုပ်ချင်ဘူး
ဒီအတိုင်းထားလိုက်"

"အေး သေသွားရင်မင်းအမှု့ပတ်မှာနော်သူများသားသမီးကိုအလိုမတူပဲခိုးယူပေါင်းသင်းမူ့တစ်မူ့နဲ့တင်ထောင်အနံ့ကရနေပြီကို...
ဘာလဲဆိုင်ကယ်မမောင်းတော့ပဲ ၁၀နစ်လောက်
သွားအောင်းချင်နေတာလား"

ရန်သူ OTP ver S1 and S2Where stories live. Discover now