အိပ်ခန်းထဲကနေ
တပတ်တထည်သာပတ်ပြီး
ထွက်လာတဲ့လူကြမ်းသူအခုလပေါင်းများစွာလွမ်းနေရသူနဲ့နှီးနှောတွယ်နှောင်ပြီးပြန်ထွက်လာရချိန်
သူ့စိတ်တွေဟာအရမ်းကိုလန်းနေခဲ့ပြီ။ထိလိုက်တိုင်းညိလိုက်တိုင်း
ရူးခါမတတ်ကောင်းလွန်းလှတဲ့နှင်းနီဥရဲ့
အသွေးသားကိုစားသုံးအပြီးရေချိုးခန်းကထွက်လာသူနှင်းနီဥကတော့အိပ်ယာပေါ်မောပန်းစွာ
အိပ်မောကျလို့....ကိုက်ရာဗရပွနဲ့အသိမဲ့စွာအိပ်နေသူ၏
နဖူးပြည့်ပြည့်လေးအားအနမ်းပေးရင်း
သူ့သားအိပ်နေသောရှေ့ဧည့်ခန်းဆီသွားလို့နေခဲ့သည်။Bamကတော့ခလေးနား
အိပ်စောင့်နေခဲ့သည်။အခုကခလေးကိုချော့ကြည့်ဖို့။
သဲတုန်ဟာသူ့ကိုစိတ်အကြီးကြီးဆိုးနေတာလေ
မဟုတ်ပါလား
သုံးနစ်ပတ်ချာလည် လေးက
သူ့ကိုစိတ်ဆိုးနေတာဆိုကရီစရာတစ်ခုတော့မဟုတ်ခဲ့။ဟိုလူအထိန်းကောင်းလို့သာ ဝတုတ်လေးဖြစ်နေတာ မဟုတ်ရင်ဒီခလေးကိုယ့်ကိုလွမ်းနာကျပြီးပိန်နေမယ့်အဖြစ်။
ကိုယ်ကလည်းဖုံးကွယ်ထားချင်တဲ့
ကိစ္စတွေကြောင့်သာအခုလိုထွက်သွားရတာ တကယ်ဆို ဒီခလေးနဲ့ဒီလူကိုအနားစက္ကန့်ပိုင်းခြားပြီးရင်တောင်မနေချင်။ဟိုမှာနေပြီးခြေထောက်အတွက်ကုသနေရင်းတောင်
ပြန်ပြေးချင်လာတာကခဏခဏဖြစ်ခဲ့ရတာပဲ။ခဏနေရင်နိုးလာတော့မယ် အခုတော့ အိပ်ပျော်နေဆဲ
သားကိုပွေ့ကာဝါရံတာဘက်ကခုံမှာထိုင်ရင်း
သူ့သား၏မျက်နာကိုမြတ်မြတ်နိုးနိုးနမ်းနေသူ။သူတလောကလုံးကိုသာအနိုင်ရချင်ရမယ်၊သူ့သားငယ်ကိုတော့
သူသေးသေးလေးအစ
အလျှော့ပေးရသည်။"ဟင့် နမ်းနဲ့ ထော်ဝူး နမ်းနဲ့"
"နမ်းမှာပဲကွာ မရဘူး မင်းကိုငါမွေးထားတာမို့ နမ်းမှာပဲ"
"ဟုတ်ဝူး ဘဘားမွေးထားတာ"
"ဘယ်ကသာ ငါမွေးထားတာ
အဲ့ဒီအသေးကွေးလေးကမင်းကိုမွေးထားတာမဟုတ်ဘူး!
ဘယ်သူပြောလဲ သူကမင်းကိုမွေးထားတာလို့"