အပိုင်း။၁၀။အညိုးမြစ်ဖျား

4.2K 281 12
                                        


"ဒါ....ဒီအခန်းက"
ခလေးချီထားတဲ့သူ့လက်တွေ
တုန်ယင်နေခဲ့သည်

ချက်ခြင်းကြီး
အိမ်ပြောင်းမယ်ဆိုပြီး
အိမ်ပြောင်းပေးတဲ့
အေဂျင်စီကိုချက်ခြင်းခေါ်ကာ
ပစ္စည်းတွေသည်ချပြီး
ခေါ်ချလာတာက
ကိုယ်အရင် ဝယ်ထားတဲ့
မြို့ထဲကကွန်ဒိုခန်းဆီ....

ဒီအခန်းက ကိုယ့်ဝင်ငွေနဲ့ကိုယ်ဝယ်ထားတဲ့
ဒေါ်လာ ၃သန်းတန် အခန်း

မေရီနဲ့လက်ထပ်ပြီးနေဖို့
အစစအရာရာ ပြင်ဆင်ထားတဲ့အိမ်

ဒီအခန်းက သူ့လက်ထဲ ဘယ်လိုလုပ်ပြီး
ဒါကိုသူဘယ်လိုလုပ်ပြီး

"jeon jungkook
ဒီအခန်းက ဘယ်လိုလုပ်မင်း.."

"ဘယ်လိုလုပ်ပြီး ကျုပ်လက်ထဲ
ရောက်လာလဲ အဲ့တာကို
ခင်ဗျားသိချင်နေတာလား"

သူဝတ်နေကြဂျက်ကပ်ကိုမှ
အနီရဲရဲအဆင် အတွင်းက
အနက်ရောင်စွပ်ကျယ်၊
အနက်ရောင်အပြဲပေါင်းများစွာနဲ့
ဘောင်းဘီကိုမှ နားကပ်တွေရူတ်နေအောင်
မျက်စိထဲရူတ်နေအောင် အစွမ်းကုန် အရိုင်းဆန်စွာ သာ

မိုက်ကန်းတဲ့မျက်နာထားတဲ့
လက်ပိုက်ရပ်နေသော
သူသည် ကိုယ်မေးလိုက်တဲ့
စကားကို အပေါ်စီးက
ပြန်မေးခွန်းထုတ်လာသည်

"အင်း...."

"ဘယ်ကရတာလဲဆို
ခင်ဗျားအမေဆီက"

"ဘာ!!!"
တကယ်အံ့သြသွားရသူက
နှင်းနီဥ ရယ်သာ

"ကြည့်ရတာ....ရှေ့ရက်က
အင်တာဗျူး အပြီး Qwee မှာလည်းရှယ်ယာစျေးကျတာကိုအခွင့်ကောင်းယူပြီး ထိုင်ခုံဝင်လုတဲ့
ဆန်အိုးထဲကကြွက်တွေကို ဖယ်ပစ်လိုက်နိုင်ပုံပဲ ခင်ဗျားအဖေလည်းသက်သာနေပြီဆိုတော့
စုတ်ရောလာဘ်ရောဝင်လို့ ကျူပ်ကိုလက်ဆောင်ပေးလိုက်တယ်အဲ့သဘောပဲနေမှာပေါ့"

"jungkook ဒီကိစ္စကအဲ့လောက်
မရိုးဘူး ဒီအခန်း ငါဝယ်ထားတာမို့မေမေကဘယ်လိုနည်းနဲ့မှမင်းကိုပေးတာမဖြစ်နိုင်ဘူး"

"ဟွန်း!"

ထိုစကားကြောင့်
သူကခနဲ့သလိုရွဲ့သလို
ဟန်လုပ်ရီကာ

"ခင်ဗျားအိမ်မှာတောင်ခင်ဗျားက
နာမည်ပျက်နဲ့လူလေ ဘာကို
ကိုယ့်ကိုကိုယ်အထင်ကြီးနေတာလဲ park jimin ရ"

ရန်သူ OTP ver S1 and S2Where stories live. Discover now