အပိုင်း။၂၈။ခင်ဗျားကိုချစ်မိသွားပြီ

2.8K 195 29
                                    

"သဲတုန် တကယ်အပေါ်တတ်ဖို့လား"

"အွန်း"

"ဟိုကြောင်ဖောင်းဖောင်း ဆီကဘာလို့ချိုမစို့
တော့တာလဲ..."

"ဝဝ...."

"ချိူချိုစို့လို့ဝသွားလို့ဖအေတွေဆီ
ပြန်ပို့ခိုင်းနေတာပေါ့ဟုတ်လား "

"အွန်း..."

သူ့ဗိုက်ပူပူလေးနဲ့ခေါင်းညိတ်ပြတော့

"ချစ်လိုက်တာ သဲတုန်ရယ်...
ဒါပေမယ့်ကယ်လေးက
အပေါ်ထပ်ထိပဲပို့မှာနော်
အခန်းထဲကကိုယ့်ဘာသာကိုယ်ဝင်.."

"အွန်း"

ခေါင်းညိတ်ပြနေသောသဲတုန်

ချိန်ရာသီဆိုတဲ့တယောက်ကခလေးကသူ့အဖေတွေကိုမေးနေပြီလာခေါ်ပေးပါဆိုလို့
သူတို့အိမ်ကနေသွားခေါ်လာခဲ့ရတာ...

ဒီရောက်ရောက်ခြင်း အပေါ်တတ်မယ်
ပါးဆီသွားမယ်လုပ်နေတာက
ဘယ်လိုမှလည်းချော့မရ..
အင်းလေ အချိန်ကလည်း
နောက်၂နာရီဆိုပွဲစတော့မှာမို့
ခေါ်နိုးရာလည်းကျတာပဲဆိုပြီး
ခလေးအားအခန်းရှေ့ချီသွားလိုက်မိသည်

အသံတွေတိတ်ဆိတ်နေပြီမို့
အခုကတော့အိပ်ပျော်နေလောက်ကြပြီထို့ကြောင့်အခန်းတံခါးအားဖွင့်ရင်းခလေးကိုချပေးလိုက်တော့.သဲတုန်ဟာကားတားကားတားနဲ့လမ်းလျှောက်ကာ
အခန်းထဲသို့ဝင်ချသွားတော့သည်....

နုတ်မှလည်းဘဘား
ဒယ်ဒယ်ခေါ်နေတာမို့
ဟိုကောင်တွေနိုးမှာပါ

သူကတော့ခြံထဲလုပ်စရာတွေရှိသေးတာမို့
တံခါးအားပြန်ပိတ်ရင်း
အောက်ထပ်သို့ပြန်ဆင်းသွားခဲ့
လေတော့သည်.

======

သဲတုန်အခန်းထဲရောက်ချိန်တိတ်ဆိတ်နေသော
အခန်းကသဲတုန်ကိုကြိုနေခဲ့သည်..

"ဘဘားးး ဒယ်ဒယ်!!! ဘဘားးး"

သဲတုန်ဟာနုတ်မှအဖေတွေအား
အော်ခေါ်ရင်းတဖြည်းဖြည်း
ကုတင်နားသို့ကပ်သွားလေတော့သည်

လက်ထဲမှာလည်းပန်းရောင်
ဆင်အရုပ်သေးသေးလေးတရုပ်ကိုင်ကာလက်တဖက်ကိုလည်းပါးစပ်ထဲထည့်လို့..

ရန်သူ OTP ver S1 and S2Where stories live. Discover now