အပိုင်း။၃၅။သဲတုန်လေးခံစားခဲ့ရသောဘဝမှန်

1.8K 210 6
                                    

အကိုလေးထမင်းစားဖို့
သူဌေးကခေါ်ခိုင်းလို့ပါ...."

"အင်း ငါလာခဲ့မယ်"

သဲတုန်မရှိတော့တဲ့ထဲက
တိတ်ဆိတ်နေတဲ့အိမ်က
အခုလည်းရေခဲသမျှအေးစက်လို့
တစ်အိမ်လုံးမှာအပ်ကျသံက
အစကြားရလောက်သည်။
အထိတိတ်ဆိတ်ငြိမ်သက်နေသည်....
သဲတုန်ဒီအိမ်မှာမရှိတော့တာ
အခုဆို၅ရက်မြောက်နေ့...
အမြဲတမ်းတစ်အိမ်လုံးက
သူသွားလာထားတဲ့နေရာတွေမို့
နေရာတိုင်းမှာ
သူ့အမှတ်လေးတွေသက်သက်
အောက်ထပ်မှာကအစ
သူ့ခုံလေးလှည်းလေးတွေပုခက်တွေသူ့မုန့်လေးတွေ
သူကြိုက်တဲ့ခလေးသီချင်းခွေလေးတွေ.....
အပေါ်ထပ်ကြရင်လည်း
သူ့အဖေဝယ်ပေးထားတဲ့
သိန်းရာချီတန်သူ့အဝတ်စားတွေ...ဖိနပ်လေးတွေ....
ဟန်သာဆောင်နေရတာ
အဲ့တာတွေတွေ့တိုင်းငိုချင်မိတဲ့စိတ်ကထိန်းမနိုင်သိမ်းမနိုင်....
အခုလည်းထမင်းစားဖို့သာ
ဆင်းလာတာစိတ်တွေက
စားချင်စိတ်တချက်လေးတောင်ရှိမနေခဲ့...... သူကလည်းတိတ်ဆိတ်နေကာ
အလုပ်ထဲပဲစိတ်နစ်ထားတော့
ကျန်အချိန်တွေက
နေခြည်တို့နဲ့ပဲနေဖြစ်တာများသည်

နေခြည် ကခလေးစိတ်ဆိုတော့
ငိုနေတာမပြီးတော့။

Kimကလည်းချစ်ရှာတယ်
အလုပ်အပြတ်ခံပြီးသူ့ယောက်ကျားကိုချော့မော့ကာကိုကိုခလေးကိုရအောင်ပြန်ခေါ်ပေးမယ်လို့သာညာပြောနေခဲ့သည်.......

"ဘာလို့အခုချိန်ထိထမင်းမစားရတာလဲ"

ည၈နာရီကျော်နေပြီမို့မေးလာသောသူသူလည်းအိမ်မှာရှိမနေတာများပေမယ့်
လာတိုင်းထမင်းစားမစား
ဂျုဘီကိုမေးသည်

မစားရသေးရင်အတင်းစားခိုင်းသည်...ချုပ်ချယ်ဖို့ဆိုအရာရာလုပ်တဲ့လူလူကိုအနေကြပ်အောင်လုပ်တတ်လွန်းတဲ့လူ.....

"ငါမဆာသေးလို့ပါ...."

"ဘယ်သူကမှထမင်းကို
ပျော်လို့စားနေတာမဟုတ်ဘူး
စားစရာရှိတာစားအပိုတွေလုပ်မနေနဲ့....."

သူနဲ့စကားများနေတုန်းအိမ်ရှေ့မှာ ပစ္စည်းတွေလာပို့ကြောင်းသိရတော့သေချာတယ်ဒါခလေးပစ္စည်းတွေ.......

အထဲသို့
ရောက်လာသောပစ္စည်းတွေဟာ
မနည်းမနောပေမယ့်
အားလုံးဟာခလေးအတွက်မို့
သူထိန်းချုပ်ခြင်းတွေလည်း
ဒီတင်ရပ်ကာထိုပစ္စည်းဖာ
ရှေ့ခွေကျသွားပြီးငိုလေတော့သည်....

ရန်သူ OTP ver S1 and S2Where stories live. Discover now