နေရာသည်.....
စိတ်ငြိမ်သောကော်ဖီဆိုင်တစ်ခုဆိုင်၏အခင်းအကျင်းအားလုံးတို့သည်အနောက်တိုင်းဆန်ဆန်နှင့်တန်ဖိုးကြီးခမ်းနားထည်ဝါမူ့တို့ကအထင်သားမြင်နေရ၏။
သားနားစွာဝတ်ထားသော
အညိုရင့်ရောင် အနောက်တိုင်းဝတ်စုံနဲ့လူသည် တစ်စုံတစ်ဦးကိုစောင့်နေပုံအဘယ်ကြောင့်ဆို သူ့လက်ထဲက
အနက်ရောင်နာရီအားတကြည့်ကြည့်ဖြစ်နေ၍သာ.....သူရှေ့က Coffe ခွက်သည်လည်း
တစ်ဝက်ကျိုးလို့နေခဲ့လေပြီ....သို့သော် သူကတော့....စိတ်ရှည်စွာစောင့်လို့နေခဲ့သည်
....
....ထိုစဥ် လမ်းလျှောက်သံခပ်ပြင်းပြင်းနဲ့ဝင်ရောက်လာသော
တစ်စုံတစ်ဦး......သူ့ထပ်အရင်
သူ၏ကိုယ်မှ ခပ်ရှရှရေမွေးနံ့အရင်ရောက်လာလို့ မော့ကြည့်ချိန်
ပထမတစ်ခေါက်မြင်ရသည့်အတိုင်းအပြဲအကွဲဘောင်းဘီနှင့်
အတွင်းစွပ်ကြယ်အဖြူရောင်ရယ်
ဂျက်ကတ်တထည်နဲ့အနက်ရောင်ဆံပင်ခပ်ရှည်ရှည်ကို ချထားကာနားတွင်လည်းနားကပ်များစွာရူတ်ထွေးလို့
သို့သော် ကိုယ်ကဖိတ်ထားတာမို့
မတ်တပ်ရပ်လိုက်ကာ....
လက်ကမ်းပေးပြီး"မောင်ရင် ရောက်လာသားပဲ....
ထိုင်ပါ...ကိုယ်က ဂျီ...""ဒီကိုလာတာခင်ဗျားနဲ့
မိတ်ဆွေဖြစ်ချင်တာလို့တွေးနေတာလား"ရိုင်းစိုင်းစွာပင် မိတ်ဆက်မူ့ကို
လက်မခံကာ...ရှေ့ခုံတွင်
ခြေချိတ်ကာထိုက်လိုက်သူ"ဟက်....မဟုတ်ပါဘူး
ကိုယ်က ယဥ်ကျေးမူ့အရ
မိတ်ဆက်တာပါ....""မလိုဘူး....ကျုပ်ကဒီကိုလာတာ
ခင်ဗျားဖိတ်ကြားလို့လာတာထက်
သတိပေးစရာရှိလို့.....""ဟုတ်ပါပြီ..မောင်ရင်ဘာသတိပေးဖို့လဲ"
"ဟန်မေရီကကျုပ်ချစ်သူ
ခင်ဗျားဝင်ပြီးရူတ်နေတာကို
ရပ်တန်းကရပ်ပေးပါ""ဒီစကားက ကိုယ်ပြောရမှာလေ
အခုလက်ရှိမေရီကကိုယ့်ချစ်သူ...""ဒီမှာ...ပတ်ဂျီမင်ကျုပ်စိတ်ကိုလာမဆွနဲ့ခင်ဗျားမျက်နာကိုမြင်လိုက်ကထဲကအသေထိုးသတ်ချင်နေတာ...လူလိုသူလိုပြောလို့ရမယ်ထင်ပြီး ခင်ဗျားရှေ့ရောက်လာတာ...."
