အပိုင်း။၃၀။kukuuမသွားရဘူး

2.7K 181 6
                                    

မချစ်ဘူးလို့ဘယ်လောက်ညာညာ

အလိုမရှိဘူးလို့
ဘယ်လောက်လိမ်ပြောပြော...

ဟန်ဆောင်လို့မရတဲ့
ဖြစ်တည်မှု့တွေကတော့
ညိတွယ်ပြီးနေပြီမို့
အရှုံးမပေးလိုက်ရုံပဲရှိတယ်
တကယ်တမ်းကိုယ်ကရှုံးခဲ့ပြီးပြီ....

မုန်းတယ် အဲ့ဒီအရှုံးကိုမုန်းတယ်
ဒါပေမယ့်ဘာမှလုပ်လို့မှမရတော့တာ...

ရင်ဘက်ထဲကကောင်ကချစ်နေပြီလေ.....

ဒီခံစားချက်တွေ

သူနဲ့ပတ်သတတ်ရင်ဟန်ဆောင်လို့မရတဲ့ဒီခံစားချက်တွေက
အခုလည်းလူကိုလှလှလေး
အရူးလုပ်သွားပြန်တယ်.....

သူ့မျက်စိရှေ့ကထိုလူသားဟာ
သူ့ကိုထိုလောက်ထိ
အသိစိတ်ထိန်းချုပ်နိုင်စွမ်း
ကင်းအောင်လုပ်ခဲ့သူ.....

တသက်နဲ့တကိုယ်မကြုံဘူးတဲ့
တုန်လှုပ်ခြင်းတွေလည်းပေးခဲ့သူ...

ခင်ဗျား....ခင်ဗျားက
ကျုပ်ရဲ့မကောင်းဆိုးဝါးပဲ
ကျုပ်လိုလူကို
ဒီလိုတွေအထိန်းကွပ်မဲ့အောင်လုပ်ခဲ့သူပဲ.....။

၄၅မီနစ်လောက်ကြာတဲ့
ခရီးလမ်းကို၁၅မီနစ်စွန်းစွန်းနဲ့
မောင်းချလာတဲ့သူဟာ
သတင်းဆိုးတစ်ခုကြောင့်
အိမ်ကိုစိတ်လွတ်စွာရောက်လာခဲ့ပေမယ့်....

တကယ်တမ်း
အိမ်ရောက်ရောက်ခြင်းမြင်လိုက်ရသည်ကလက်တလုံးပေါင်လောက်ထိရှည်နေသောအင်္ကျီတထည်ကိုသာ
ဝတ်ထားရင်းဝိုင်ပုလင်းကို
ပုလင်းလိုက်မတ်တပ်မော့နေသောနှင်းနီဥ

သူဟာမောပန်းစိတ်ပူနေချိန်
အဲ့ဒီလိုအနေထားနဲ့မြင်လိုက်ရတော့ဒေါသရောမောဟပါပေါင်းကာအော်ထည့်မိသွားသည်...

စစထဲကဂုတ်အောက်ရောက်နေတဲ့ရွှေဖြူရောင်ဆံပင်တွေနဲ့
ဝိုင်တွေဘယ်နစ်ပုလင်းမှန်းမသိသောက်ချထားတော့
ပါးမို့မို့လေးတွေဟာနီရဲနေပြီ။
မျက်လုံးတွေဟာလည်း
အရင်ချိန်လိုမာနတွေပါမနေ...

ရင်ဘက်ကြယ်သီးတွေဖွင့်ချထားသောအနက်ရောင်ဝတ်စုံနဲ့
leather ဖိနပ်ကိုပါအပေါ်ထိ
စီးတတ်လာရသည်အထိလွတ်ခဲ့ရသောလူကြမ်းဟာ...
လက်ရှိနှင်းနီဥရဲ့ပုံစံကိုမြင်ပြီး
သူပေါင်း အရူးလုပ်ခံလိုက်ရသည်ကိုသိသွားရသဖြင့်....

ရန်သူ OTP ver S1 and S2Där berättelser lever. Upptäck nu