အပိုင်း။၁၅။တိတ်ဆိတ်စွာပြောင်းလဲမူ့

2.4K 195 5
                                    

ပါတီမှာအားလုံးကကိုယ့်အာရုံနဲ့ကိုကိုယ့်လူနဲ့ကိုစုကာဖွဲ့ကာစကား
ပြောနေကြဆိုနေပြီး
သီချင်းသံတွေကလည်း
ဆူညံနေသောကြောင့်
ကန်အစွန်းဘက်၏တပြလောက်ကိုဘယ်သူကမှစိတ်မရောက်ခဲ့ကြပေ

ထို့ကြောင့်ကန်ထဲ
jimin ကျသွားသည်ကိုလည်း
သူတို့သတိထားမိမည်လည်းမဟုတ်ပါ။

သို့သော်လူတစ်ယောက်ကတော့
ဝုန်းဒိုင်းကြဲစွာကန်ဘက်ပြေးလို့သွားနေခဲ့သည်

အနည်းငယ်လှမ်းတာမို့
သူအရှိန်နဲ့ပြေးလွှားနေမှ
လူတွေကဒီဘက်သို့အာရုံရောက်လာတော့သည်

သူကတော့တခြားလူမဟုတ်
ကန်ဘေးမှာထိုင်နေသူလေးအား
မကြည်သလိုကြည့်နေခဲ့သော
သူ၏ယောက်ကျားသာ

jayကလည်း
JKကန်ဘက်ပြေးထွက်သွားမှ
သူပြေးတဲ့ဘက်ကိုမျှော်ကြည့်လိုက်တော့မြင်ရသည်ကကန်၏ဟိုးတဖက်စွန်းတွင်
တယောက်ထဲထိုင်နေသူဟိုလူရေနစ် နေသည်ပဲ

ပြေးနေရင်း အပေါ်ကုတ်ကို
ချွတ်ပစ်ကာဒိုင်ဗင်ထိုးချသွားသည်ကမြန်ဆန်နေရော

ရေအောက်ပိုင်းသို့
တဖြည်းဖြည်းရောက်နေပြီဖြစ်တဲ့
ကိုယ်သေးသေးလေးဆီ
အမြန်ဆုံးရောက်အောင်သွားနေသည်က
ငါးတကောင်အတိုင်းပဲ

JK ဒီကောင်အရမ်းမုန်းနေလို့သာပဲမမုန်းများမမုန်းရင် ငုံများငုံထားလေမလား
အရက်သောက်နေရင်းတန်းလန်း
ပြေးသွားလိုက်တာမှ
မြန်ဆန်နေရော..ဖိနပ်ပါချွတ်မအားဘူး

သို့သော်..ဘာပြောပြော
ကန်ကနက်တာမို့ရေးမကူးတတ်တဲ့ထိုလူ့အတွက်အခြေနေကအနည်းငယ်စိုးရိမ်ရနိုင်တာမို့
သူသည်လည်းကန်အနားပြေးသွားလိုက်မိသည်

ရေကန်ကတော်တော်လေး
နက်သည့်အပြင်JKပြေးလာရသည်ကလည်း
တော်တော်လေးလှမ်းတာမို့
ကန်အောက်ခြေထိဆင်းသွားသူကိုလိုက်ဆွဲနေရသူ

ဒီကောင်ရေကူးတတ်လို့သာပေါ့
ကန်၏အနက်ကသေးမှမသေးပဲ

ဒီနေ့ကြမှsecurityတွေကလည်း
ကန်နားမှာရှိမနေ
အရင်ကဆိုဒီကန်သီးသန့်အတွက်
securityသုံးယောက်လောက်ကအနည်းဆုံးသာ

ရန်သူ OTP ver S1 and S2Where stories live. Discover now