"အခုချိန်ကစပြီး ခင်ဗျား
ဘယ်ကိုမှမသွားရဘူး
ကုန်ကုန်ပြောမယ် U paradise ထဲက
ကုန်တိုက်တောင်မှကျုပ်ပါမှသွားရမယ်။
ဒီရပ်ကွက်ကနေအပြင်ထွက်ရဲထွက်ကြည့် အဲ့ဒီခြေထောက်ကျိုးပြီသာမှတ်ထား"ဒေါသမောဟသံတွေပါနေတဲ့သူ့ရဲ့အမိန့်ပေးသံအစက အပြင်ကုန်တိုက်ကိုသူပဲခေါ်ထုတ်သွားခဲ့တာမဟုတ်ပါလား
ဒါကိုအခုဘာတွေဖြစ်လာမှန်းမသိပဲ..ကိုယ့်အားကျိန်းနေတာကြောက်စရာပင်ဒီတလော သူပုံမှန်ဖြစ်နေသလိုနဲ့
အခုကြအရင်လိုသူ့အမိန့်သူ့အသံအောက်နေရမည်ဟုဆိုနေသည်မဟုတ်ပါလားအလျှော့ပေးခံလာရတာကြာနေပြီမို့
အခုလိုဝုန်းဒိုင်းကြဲသောင်းကျန်းနေခြင်းကသူ့ကို အသစ်အဆန်းဖြစ်နေစေခဲ့သည်မဟုတ်ပါလား သို့သော်ခဏသာ
လူကြမ်းရဲ့ကြမ်းတမ်းခဲ့ခြင်းတွေနဲ့
အသားကျခဲ့ရသောလူသားမို့
ဘာခံစားချက်မှမရှိသော မျက်နာအေးနဲ့သာသူ့အားတချက်ကြည့်ပြီး နေရာမှထထွက်သွားခဲ့သည်။သူအခန်းတံခါးဖွင့်လိုက်တာနဲ့
ဘဘားဆိုပြီး
အော်ငိုနေတဲ့သဲတုန်
လူကြမ်း ရဲ့အသံဟာအရမ်းကြမ်းတမ်းနေတော့ခလေးဟာသူ့ပါပါးကိုရိုက်နေပြီအထင်နဲ့စိုးရိမ်နေခြင်းခလေးငိုသံကြားမှသူ့သားကြောက်နေပြီကိုသိကာဒေါသမျက်နာအားတဖက်သို့လှည့်ထားပြီး ခလေးနဲ့နှင်းနီဥကိုကျောခိုင်းထားလိုက်တဲ့လူကြမ်း
"ဘဘားး"
"မငိုနဲ့နော် ပါပါးဘာမှမဖြစ်ဘူး
ကြည့်ပါအုံး သဲတုန်ငိုတော့
Bamကပါလိုက်ငိုနေခဲ့ပြီ။""ဟင့် ဘဘား"
"သဲတုန်ကအရမ်းအသည်းနုတာပဲကွာ
ဒယ်ဒီကဒီလိုပဲအမြဲစကားပြောတတ်တာလေဘာလို့လဲ ကြောက်လို့လား...""ကြောက်ဖူး ဒါမဲ့
ဘဘားကိုယိုက်တာယို့
သဲတုန်ထင်ယို့""သဲတုန်ကဘဘားရိုက်ခံရမှာကိုကြောက်လို့လား
ချစ်လိုက်တာ သဲတုန်ရာ
ပါပါးကိုစိတ်ပူပေးလို့သဲတုန်ကိုကျေးဇူးပါနော်။
ဒါနဲ့ သဲတုန် ဗိုက်မဆာဘူးလားဟင်""ချာတာပေါ့.."
"အ့ဆိုဒီနေ့ ပါပါး
သဲတုန်ကြိုက်တဲ့ အားလူကပ်သလိပ်လေးကြော်ပေးမယ်"