မဲမှောင်နေသောအခန်းတခု
တနည်းအားဖြစ်တအားကြမ်းသော အပြစ်သားတွေကိုပြစ်ဒဏ်ပေးသောနေရာ.... ထိုအပြစ်ဒဏ်ကို တိုက်ပိတ်သည်ဟုခေါ်ကြ၏။တိုက်ပိတ်ခြင်းရဲ့သဘောတရားဟာအမှောင်ထုအခန်းငယ်သေးသေးလေးထဲ အလင်းလုံးဝမပေး
အစာမကျွေးခြင်းဖြစ် ကာလတခုထိထည့်ထားခြင်းဖြစ်၏ ။သူဒီထဲပိတ်ခံထားရတာရက်အတန်ငယ်ရှိနေခဲ့ပြီ
.....
.....ချောက်!!....
ရုတ်တရက် ပွင့်လာသောတိုက်တံခါးနဲ့သူ့ကိုဆွဲထုတ်သွားကြသော ထောင်မှူးများ
တအောင့်လောက်လမ်းလျှောက်လို့အပြီး လင်းထိန်ပြီးခန်းနားနေသောအခန်းငယ်တခုထဲသို့ထည့်ကာပြန်ထွက်သွားကြ၏
လက်ထိက်ခြေထိပ်တွေလည်း
ဖြုတ်ခဲ့ပေးတာမို့ အခန်းထဲအေးဆေးစွာဝင်လာပြီး သူ့ရှေ့ကလူအားကြည့်ကာ စားပွဲပေါ်က ဆေးလိပ်ကိုယူပြီးရှိုက်နေသူအစားမစားဘာမစားနဲ့
သူဆေးလိပ်ကိုရှိုက်နေခဲ့၏
ဒါကိုသူ့ရှေ့ကလူကသက်ပြင်းချကာ"ကင်မ် မင်းတအားသောင်းကျန်းထားတာဆိုအချုပ်ထဲကလူတွေကိုပါပတ်ထိုးလို့ ထောင်ထဲချက်ခြင်းပို့လိုက်ရပြီး ထောင်ထဲရောက်တော့လည်း ထောင်မှူးတယောက်ကိုထိုးလွတ်သေးတာဆို...တဖက်ကmall အာဏာပိုင်တွေနဲ့ကညိယူလို့မရသေးတဲ့အထဲမင်းဒါမျိုးတွေလုပ်နေတာကောင်းသလားကင်မ်"
"ကိုကြီးက အခုကျတော့်ကိုလာဆူနေတာလား...."
Joonတယောက်သူ့ရှေ့သူ့ညီလေးကိုကြည့်ပြီးအံ့သြပြီးရင်းအံ့သြနေမိ၏....ဒီခလေးဘယ်လိုတောင်ပြောင်းလဲသွားရတာပါလိမ့်...
သူသိပ်ချစ်တဲ့လူကိုအကြမ်းသွားဖက်လို့ဒီထဲထိရောက်လာတာကိုပိုအံ့သြရ၏..."အကြမ်းဖက်မှု့ဆိုတာဘယ်လောက်အကျည်းတန်လဲမင်းသိလား...အခုမင်းcaseက တဖက်ကလုံးဝမလျှော့ရင်မင်းလွတ်လမ်းမရှိဘူး..နေခြည်သူ့ဘဝနဲ့သူနေပါစေတော့လား...မင်းလည်းမင်းပျော်သလိုနေနေတာပဲ"
"အရင်ကအကိုကြီးပြောတော့
သူကကျတော်နဲ့ယူထားတာဆို...ဘယ်လိုလုပ်သူ့ဘဝနဲ့သူပေးနေရမှာလဲ"
