အပိုင်း။၅၅။ခင်ဗျားနဲ့မညားခင်ထဲကလူပါးဝလာတာ

3.7K 244 33
                                        

အသံတွေတိတ်ဆိတ်စွာ
ထွက်ခွာကုန်ပြီဖြစ်သော
ရှယ်ယာရှင်များနဲ့ဝန်ထမ်းများ

Park jiminကတော့
လက်သီးတင်းတင်းဆုတ်ကာ
JKကိုသာကြည့်နေခဲ့၏
တကယ့်ကိုစနက်သံ
ဖြုတ်ထားတဲ့ဗုံးတလုံးလိုပါပဲ

အခုဆိုအခန်းထဲjiminရယ်
JKရယ်ရှေ့နေကြီးရယ်သာရှိတော့၏

အမြဲတမ်းအေးစက်တည်ငြိမ်နေတဲ့လူတယောက်ပေါက်ကွဲရင်
ဘယ်လောက်ထိကြောက်ဖို့ကောင်းလဲက​jiminကိုကြည့်ရင်သိနိုင်၏

မျက်ခမ်းစပ်လေးတွေဆို
ဒေါသကြောင့်ရဲလို့
အသက်ရူနှုန်းကလည်း
ပုံမှန်ထက်မြန်နေ၏

ဒေါသမျက်လုံးတွေဟာJKကို
အခုပဲကုတ်ဖြဲတော့မလိုသာ

ဒါကိုပဲJKကလည်းမျက်နာမလွှဲကာသူ့ကိုစိုက်ကြည့်နေသလိုပြန်ကြည့်နေခဲ့သည်

စိတ်ထဲမှာတော့
ခိုးအသည်းယားမိတာကအရမ်းသာ

""ဘယ်ဆိုးလို့လဲ ဒေါ်လာ၂၅သန်းနဲ့အတန်းရှည်အကြီးကြီးရသွားတာပဲ""

လွန်ခဲ့တဲ့ ဆယ်နစ်ကျော်က
၂၅သန်းဟာအခုတော့သူ့အတွက်
အသက်ဆက်ကြိုးအလားသာ
...
အခုဆိုအောင်နိုင်သူလည်းဖြစ်ရသလို နေချင်နေသူနားလည်းနေခွင့်ရခဲ့ပြီ

"ဒီမှာ Jeon jungkook
မင်းလက်ထဲအခုရောက်နေတဲ့
အဲ့ဒီရှယ်ယာတွေကိုငါ့လက်ထဲ
အသာတကြည်ပြန်ပေး!!!"

ဆယ်နစ်ကြာပြီးကာမှ
jimin၏နုတ်မှထွက်လာသော
သူ့နာမည်ကြောင့်သူ့မှာ
အသည်းခိုက်အောင်ကျေနပ်သွားရ၏

"ဟက် ရှယ်ယာတွေကိုအသာတကြည်ပြန်ပေးဟုတ်လား
အသာတကြည်နဲ့ရော့အင့်ဆိုပြီး
ပြန်ပေးရအောင် ခင်ဗျားနဲ့ကျုပ်ကဘာဆိုင်တော့လို့လဲ!!"

"မင်းးးး"

တမင်ကလိကလိဖြစ်အောင်
ညှောက်ချလိုက်တာကြောင့်
ရှူးရှူးရှားရှားထဖြစ်လေပြီဖြစ်သောနှင်းနီဥ

အခုထိ JKကတော့
ရှေ့စားပွဲကိုခြေပစ်ထိုင်ကာလက်ကိုခေါင်းနောက်လှန်ပိုက်ပြီး
သူ့အိမ်သူ့ယာလိုသာ

"ဟုတ်တယ်လေ
မသိရင်လင်မယားအထာနဲ့
မင်းဟာငါပိုင်တယ် ငါ့ပေးဆိုပြီး
တောင်းသလိုတောင်းနေတာကိုး"

ရန်သူ OTP ver S1 and S2Where stories live. Discover now