အပိုင်း။၅၉။ရင်ခုန်မိခဲ့ပြီ

5.2K 306 92
                                        

"တောက်!!!!"

"အခုမှတော့ပေါက်ကွဲပြမနေနဲ့
ဟိုအဖိုးကြီးထုတုန်းကတချက်ပြန်လုပ်ဖို့မတတ်ဘူးမလား ခံပေါ့.."

သစ်သားယောင်းမနဲ့အုပ်ချခံထားရသောကိုယ့်ကောင်ကြီးမှာ
အခုမှအီစိမ့်နေအောင်ဒေါသထွက်နေတော့၏

"ငါကသူအကောင်သေးလို့ဆိုပြီးညှာပေးနေတာကိုငါ့ကိုအသေလုပ်တယ်ဒီတခါတွေ့ပါစေ ငါအရင်ပိတ်တီးပြမယ်"

"အကြောင်းသိတွေကိုသောက်ပိုတွေပြောနေပြန်ပြီ မင်းလားလက်ပါမှ မင်းကသူ့ကိုဆိုဟိုဟာပဲပါချင်နေတာလေ"

"ဟေ့ကောင်!!!"

"နာမနေနဲ့အမြဲမင်းကအပြောပဲကြီးတာ တကယ်တမ်းတီး​တာသူ့ကြီးပဲ မင်းကခံဖက်...
အခုလည်းကြည့်ပါလား ထိပ်ပါပေါက်ရသည်အထိအခေါက်ခံရတယ်လို့ မင်းကြောင့်နဲ့ အပေါ်ထပ်ရာဇဝင်တွေရိုင်းကုန်ပြီ "

"ပါးစပ်ပိတ်ထားလိုက်တော့ဆေးထည့်စရာရှိတာဆေးထည့်...နာနေရတဲ့အထဲမင်းကတမှောက်"

"အေးပါငါ့ကိုပဲရန်မူပါ
ငါ့ကိုပဲရန်ရှာပါ ငါကမင်းရဲ့စိတ်ထွက်ပေါက်ကြီးပါ"

"အာချောင်နေပြန်ပြီ
ပိတ်ထိုးလိုက်ရ"

မင်ဂျယ်ဆေးရုံရုံးခန်းထဲသတ်ပွဲထနေကြပါသော လူကြမ်းနဲ့
မဟော်သဓာသာ...

အဲ့ဒီအချိန် ဆေးရုံထဲပြေးဝင်လာသူက နေခြည်ဆိုတဲ့နာမည်ပြောင်းမယ်ဆိုတဲ့Seok

"ဘာလဲ ဘာပြန်ပြီလဲ!!!"

"ဘာရမှာလဲငါလူနာလာကြည့်တာအဆင်ပြေရဲ့လားJK shiခေါင်းတွေဘာတွေကိုက်နေသေးလားအဲ့တာဆိုဦးနှောက်ထိတာသိလား"

"တော်ပါတော့ပဲကြီးလှော်ရယ်
မင်းပြောမှပိုဆိုးကုန်ပြီ"

JKကတော့အရင်တိုင်းဖလန်းဖလန်းထနေတဲ့Seokကိုကြည့်ပြီးရီချင်နေမိ၏....

ကိုယ်ဒီမှာရှိနေတာကိုဒီကောင်Jayကလွှဲတခြားဘယ်သူမှမသိ ဒီကောင်ကရှေ့ကတတ်ကြွသူလေးကိုကြွေဆင်းနေတာထိန်းမနိုင်သိမ်းမရပုံ..ဝန်မခံပေမယ့်
ဒင်းနေခြည်ဆိုတဲ့Seokကိုကြိုက်နေခဲ့တာကြာနေပါပြီ...

ဒါပေမယ့်တဖက်ကအိမ်ထောင်သည်မို့သူ့လက်လျှော့ခဲ့တာစိတ်ဓာတ်ကတော့မိုက်၏ တဖက်ကိုမသိသာစေပဲသူ့ဟာသူချစ်နေ၏ ဒီကောင် အိမ်ထောင်ရေးမမြဲခဲ့တာလည်း
မပြောနဲ့ချစ်နေတဲ့လူကရှိနေတော့
ခဏတာချစ်ကြည့်ဖို့လောက်သာပျော်ဖို့ကောင်းသည်မဟုတ်ပါလား

ရန်သူ OTP ver S1 and S2Where stories live. Discover now