အပိုင်း။၄၁။သိပ်ချစ်လို့လုပ်ပေးနေတာမဟုတ်ဘူး

2K 176 13
                                    

မဟော်သဓာပြော တဲ့နေရာကို
ပဲကြီးလှော်ရောက်သော်
ဒဿဟာ မဟော်သဓာအားဖိပြီး
လက်သီးမုန့်တွေပစ်သွင်းလို့နေခဲ့ပြီ...

ကြီးနိုင်ငယ်နင်း စနစ်ကြီးနဲ့
ဘယ်လိုကြည့်မပျော်ရူ့မပျော်
မြင်ကွင်းတုန်း...
သူအကောင်ကြီးတိုင်းမတရားတွေအနိုင်ယူနေတာစောက်အဖိုးကြီးငါနဲ့တွေ့အုံးမယ်...

အနားသို့ပြေးလာနေသော
ပဲကြီးလှော်လှလှလေး
သူအရောက်မမြန်ရင်
မဟော်သဓာဝမတွေးရဲစရာ

ဆိုင်ကယ်ပေါ်ကနေ
ဆွဲချခံရပြီးသူ့ကားရှေ့မှာလက်သီးနဲ့
ပေးနေလိုက်တာများအောင်လ
ကြိုးဝိုင်းထဲရောက်နေသလိုပဲ..

"မောင့်ကိုမထိနဲ့လွတ်စမ်း!!!!"

"ဟင်"

သူ့အသံကြောင့်ကြောင်အသွားတဲ့
မီးခံသေတ္တာဟောင်းလောင်းပေါက်နဲ့
ငွေမရှိရွှေမရှိတော့တဲ့
လင်တော်မောင်သူဌေးကြီးရဲ့
အသားနားကတော့အခုထိ
ခန့်ညားနေတုန်းမို့ ရင်တောင်တချက်ခုန်မိသွားသေး သို့သော်
သစ္စာဖောက်ခံခဲ့ရသောအဲ့နေ့ကိုတွေးပြီး
စိတ်အားတင်းကာ..

"ဒီမှာkim taehyung
ခင်ဗျားကဘာတွေသွေးရူးသွေးတန်း
ဖြစ်နေပြီးမဆိုင်တဲ့လူကို
သေမလိုထိုးရိုက်နေရတာ.."

"သူကသဲလေးကိုကိုယ့်ဆီကလုယူဖို့ လုပ်နေတာလေ
သူကကိုယ့်သဲလေးကိုအပိုင်ကြံနေတာလေ"

"တော်စမ်းးဘာကြံတာလဲ
ငါ့ရဲ့မောင်ကိုလက်မစွတ်စွဲနဲ့"

"ဟင်!!!!..."
ဒီတစ်ခါဟင်မိတာကမဟော်သဓာရယ်
ဒီအရူးကောင်က  ရူးသွားတာလား
သူပြောတော့ငါ့အတွက်လာ
ဖြေရှင်းပေးတာပါဆို
အခုကသတ်ကွင်းထဲ
သူကိုယ်တိုင်တွန်းပို့နေသလိုကြီး
အမေရေသားတော့လူပေါင်းမှားပြီ အမေရေ ကယ်ပါအုံး

မဟော်သဓာတယောက်
နာခေါင်းကသွေးတန်းလန်းနဲ့
သွေးပျက်စွာပဲကြီးလှောင်အားကြည့်ကာကြောင်အနေခဲ့သည်..

သူ့လုပ်ပုံက
အစကတစ်အိမ်ပဲ လောင် နေတဲ့
မီးက မီးသတ်ကား လာမှ
တရွှာလုံးပြာကျသွားသလိုပဲ...

"သဲလေးကိုကို့ကတောင်းပန်နေတာပါ
သဲလေးကိုကိုကိုမရက်စက်ပါနဲ့..."

ရန်သူ OTP ver S1 and S2Where stories live. Discover now