အပိုင်း။၂၇။မင်းမှမင်းပဲ

2.9K 171 6
                                    

"ဒယ်တီ!! ဒယ်ဒယ်!! "

"ရှစ်တယ်နော် အားကျီးရှစ်ရှစ်"

ပေါက်စဟာစကားကောင်းကောင်း
ပြောနေပြီမို့လေဆိပ်ကနေ
အပြန်လမ်းတလျှောက်
သူ့အဖေကိုယ်ပေါ်ထိုင်ပြီး
စကားတွေပြောနေခဲ့သည်....

တစ်တုတ်လေးကိုမှjimin က
လိမ္မော်ရောင်ဘောင်းဘီတိုလေး
ဝတ်ထားပေးတော့
ပေါင်လုံးကစ်ကစ်တွေ
ခြေထောက်တုတ်တုတ်တွေက
အရစ်ရစ်ပါထနေခဲ့သည်

ဆွဲလုံးလေးမို့ဗိုက်ကလည်းပူတင်းနေကာ
ဝတ်ထားတဲ့ချည်သားအင်္ကျီဖြူလေးပါကွဲထွက်တော့မလို

လက်အစ်အစ်ခြေအစ်အစ်တွေကိုအာဏာကလည်းအသည်းယားပုံ
သူ့သားအားဝက်ကြီးလိုပဲ လို့ပြောလိုက်
လက်တွေခြေတွေဖွဖွဆုတ်လိုက်နဲ့သာ
ဟုတ်နေခဲ့သည်

"ဟေ့ရောင် မင်းစကားပြောတတ်နေပြီလား"

"အွန်းအွန်း တတ်တတ်..."

"ဒါဆိုငါ့ပါရောင်းတော့မယ်ပေါ့"

"ရောင်းဖူး ရောင်းဖူး ရှစ်ရှစ်...."

"အမလေး JK ရေ
မင်းသားကမင်းကိုချစ်လို့မရောင်းဘူးတဲ့
ကယ်လေးကိုရောချစ်လားသဲတုန်ရေ...."

"အွန်းအွန်း ရှစ်ရှစ်..."

"အမလေးဗျာ ကယ်လေးကလည်း
သဲတုန်ကိုချစ်ပါ့ဗျာ!!..."

"jay
ကားကိုဖြောင့်အောင်မောင်းစမ်း
ငါ့သားကငါ့ကိုပဲချစ်တာ
မင်းဝင်ပါစရာမလိုဘူး..."

"အောင်မာ လာလိုက်သေးတယ်
ခလေးစကားပြောတတ်တဲ့ကာလမှာ
ငါကပဲဒါတွေသင်ထားပေးရတာ
လာမလုနဲ့ငါလည်းသဲတုန်ကိုပိုင်တယ်..
လူယုတ်မာ...
သဲတုန်ကိုငါပဲအများဆုံးထိန်းရတာ..
ဖအေဆိုပြီးကျောဖို့တော့မကြံနဲ့ မရဘူး....."

"ဟေ့ရောင် မင်း
သူ့ကိုချစ်တယ်ထပ်ပြောရင်
ငါဝယ်လာပေးတဲ့လက်ဆောင်တွေ
မင်းကိုမပေးဘူးကြည့်ထား...."

"မရှစ် မရှစ် ဒယ်ဒယ်ရှစ်ရှစ်"

"အဟက်ဒါမှငါ့သား
ကြားလားငါ့သားကမင်းကိုမချစ်ဘူး
ငါ့ကိုပဲချစ်တယ်တဲ့....."

"သဲတုန်နော်လက်ဆောင်လို
ချင်လို့ကယ်လေးကိုအဲ့လို​ပြောရလား!!နောက်ကျရင်အိမ်မလာပဲနေလိုက်မှာ"

ရန်သူ OTP ver S1 and S2Where stories live. Discover now