အပိုင်း။၃၈။မကြောက်နဲ့ ခင်ဗျားအနားကျုပ်ရှိတယ်

1.9K 196 11
                                    

"လာနဲ့ခေါ်ဝူး တွားတွားး"

"သဲတုန်ရယ်
ပါပါးလက်ကိုကိုင်ပြီးလျှောက်ပါ
ရှေ့ကမသွားပါနဲ့
သဲတုန်ပြုတ်ကြလိမ့်မယ်နော်..."

"လာဝူးး"

သဲတုန်ဟာသူတို့အဖေနစ်ယောက်ကို​
မနေ့ကထဲကနေစိတ်ကောက်ကာ
နို့ဗူးနဲ့ထု အနားလာရင်ဖက်ကိုက်နဲ့ဆန္ဒပြနေသည်မှာ
အခုမနက်အပြင်လျှောက်လည်မယ့်အထိသာ..

နှင်းလုံးလေးလို
သူတို့ဆင်ပေးထားတဲ့အမွှေးပွအင်္ကျီဘောင်းဘီအပြင်ခေါင်းစွပ်လေးနဲ့ပါဆိုတော့တကယ့်ကိုချစ်စရာအတိသာ..

သို့သော်ခလေးကလုံးဝအချီမခံ
လူကြမ်းပွေ့မယ်ပြောလည်းမရ
နှင်းနီဥရင်မှာပိုးမယ်ဆိုလည်း
ဟင်အင်းလုပ်ကာရှေ့ကနေခြေနာနာနဲ့လမ်းလျှောက်နေခဲ့သည်

သဲတုန်ဟာအခုနောက်ပိုင်းအရမ်း
အငိုလွယ်လာတာမို့
သူတို့တော်ရုံမထိရဲကြ....
ဒါကြောင့်ဒီခလေးဂျစ်နေတာကို
လွတ်ထားပေးရခြင်း

liftထဲထိသူ့ဘာသူဝင်လက်ကိုင်လည်းအကိုင်မခံ လုံးဝစိတ်ဆိုးနေသောသဲတုန်....

လမ်းမမှာ
ချော့မရပြုမရဖြစ်နေတုန်း
လူကြမ်းကရုတ်တရပ်ပျောက်သွားကာပြန်လာတော့လက်ထဲမှာတစ်စုံတစ်ခု...

"Jeon jungwon! !.."

သူ့ကိုခေါ် တော့လှည့်ကြည့်လာသော သဲတုန်

"ငါ့လက်ထဲမှာဘာလဲတွေ့လား..."

ခလေးငယ်ဟာသူ့အဖေလက်မှ
ထိုအရာများကိုတွေ့တော့ကြီးမားသောကြောင်မျက်ဝန်းလေးတို့သည်
ပြူးကျယ်လာကာပြုံးရင်း​
သူ့ပါပါးလက်အားလွတ်ချပြီး
ဒီဘက်သို့ပြေးလို့လာခဲ့လေသည်....

"ဒယ်ဒယ်ချီချီ "

ဟုတ်၏လူကြမ်းဟာခလေးငယ်အား နို့စုတ်ပြားဗူးနဲ့စွယ်လိုက်ခြင်း....

အခုတော့နို့စုတ်ပြားသိပ်ကြိုက်သောသဲတုန်ဟာအခုတော့
လူကြမ်းဆွဲဆောင်ရာ
နောက်ကောက်ကောက်ပါလို့လာခဲ့လေပြီ

"ဖောက်ဖောက်..."

"အင်း ဖောက်ပေးမယ်
အစထဲကလိုက်ညိနှိုင်းနေတာကို
မင်းကတအားစျေးကိုင်တာပဲ.."

ရန်သူ OTP ver S1 and S2Where stories live. Discover now