အပိုင်း။၄၀။ဒယ်ဒီနို့ချို့တာသဲတုန်မင်တယ်ယေ

2.9K 222 8
                                    

"ရွတ်!!!..."

"အ့ မနမ်းနဲ့လှေကားမှာ
ငါထိန်းရခက်တယ်..."

တလမ်းလုံးနမ်းနေတာအခုဖိနမ်းနေဆဲ...
တကယ့်ကိုပြောရခက်ဆိုရခက်
လူစကားနားမလည်တဲ့ငမူးမို့
စိတ်တွေလည်းကုန်လှပြီ။

သူ့ကိုယ်ကြီးနဲ့အားမနာ
လျှာမကျိုးတတ်ဖိမှီတင်ထားပြီး
အငြိမ်မနေသည့်အပြင်
လူကိုလည်းတရစပ်လာနမ်းနေပြန်သည်

ဒီကောင်ကတော့
ငါစိတ်ရှိတွန်းချလိုက်ရမကောင်းရှိတော့မယ်....
တောက်!!ငါပါရုက်ပျက်မှာမို့လို့
သည်းခံနေရတာကိုစောက်ရမ်းအနိုင်ကျင့်လွန်းနေပြီ။...

သူ့ကိုယ်ကြီးကိုသည်ရလို့
ပင်ပန်းတာကတဖက်အနမ်းခံရလို့
မွန်းတာကတဖက်နဲ့လူက
တော်တော်မွန်းကြပ်နေခဲ့ပြီ...

ဗိုက်ပေါက်ထွက်မတတ်
တံတောင်နဲ့ထိုးလည်းမနာတဲ့လူလိုပေတေနေပြီးနှာဘူးထချက်ကြီးက အောချလောက်သည်အထိ..

"Jeon jungkook  ငါမောနေပြီ"

"အဲ့ဒီတော့ကျုပ်ကဘာလုပ်ပေးရမလဲ...
မောလည်းကျုပ်က
ခင်ဗျားကိုလုပ်မှာလေ
ဘာတွေလာပြောနေတာ..."

"မင်းခေါင်းထဲ အချိန်ပြည့်
ဒါတွေပဲရှိနေတာလားဟမ်တဏှာရူးရဲ့..."

"ဘာပြောတယ်!!!!!...."

မောမောနဲ့စိတ်ထဲရှိတာတွေက
ပါးစပ်ထဲကထွက်ကျလာတော့
သူကိုယ်တိုင်ပင်လန့်ဖျန့်ကာ
ကိုယ့်ပါးစပ်ကိုယ်ပိတ်မိရသည်အထိ...
သို့သော်ထွက်သွားပြီဖြစ်တဲ့စကားတွေက
ပြန်ဖမ်းလို့မရတော့တာမို့...

"တဏှာရူးဟုတ်လား ဟမ်!!!!
ကျုပ်မေးနေတယ်လေ
ကျုပ်ကတရားရူးဟုတ်လား
ထပ်ပြောလေ!!!
ခင်ဗျားပါးစပ်ကအခုမှပိတ်နေတာလားတဏှာရူးဆိုတဲ့စကားကိုရှင်းအခုရှင်းးး"

မမူးတာတောင်သွေးဆိုတတ်တဲ့လူကြမ်းဟာအခုမူးနေတော့ပိုပြီးညစ်နေကာ
ရမ်းနေတော့သည်...

အခုမှဘယ်သူ့ကိုဆရာတင်ပြီး
ဒီအကြပ်တည်းလွတ်ရင်ကောင်းမလဲ
စဥ်းစားနေပေမယ့်အဖြေကလုံးဝမထွက်

ဒီတယောက်ကလည်းလူကို
အမှုန့်ချေတော့မလိုဆွဲရမ်းနေပြီမို့
အတော်လေးအကြပ်ရိုက်
စိတ်ရူတ်နေမိသည်

ရန်သူ OTP ver S1 and S2Where stories live. Discover now