"ပါပါး နေမကောင်းဘူးလားဟင်
မျက်နာတွေရဲနေတယ်ရော်...""ကောင်း ကောင်းပါတယ်သားရဲ့
ထမင်းစားပြီးပြီသား...""ဟုတ်စားပြီးပြီပါပါးရော..."
"ဟို..ပါပါး.."
"သားကိုကြမေးပြီးပါးကကြမစားရသေးဘူးမဟုတ်လား...သားဘာဝယ်ပေးရမလဲပါးဘာစားမလဲ"
ပါးပုံစံကအားလည်းနည်းနေပြီးတအားငိုထားတာလည်းသိတာမို့တခုခုဝင်အောင်ကျွေးချင်မိ၏...
သူသိတယ်ပါးအခုလိုငိုထားရတာပါးသိပ်ချစ်တဲ့သဲတုန်ကြောင့်အပြင်ဘာရှိပါ့မလဲ..."ရတယ်သားပါးမဆာဘူး"
"မရဘူးတခုခုစားရမယ်
ဒါမှသဲတုန်နားပြန်နေနိုင်မှာပေါ့"သူထိုသို့လည်းပြောရော
သူ့အားဖက်ကာငိုနေပြန်သောပါး"ပါးမငိုပါနဲ့သဲတုန်ကပါးကိုချစ်ပါတယ်..ပါးကိုသူမကြာခင်ပြန်လက်ခံမှာပါ....သဲတုန်ဆီကအပြုံးတွေပါးသေချာပေါက်ရမှာပါ...."
"အင်းးး ပါးကိုနစ်သိမ့်ပေးလို့ကျေးဇူးပါသားသားရယ်ပါးနားမှာသားရှိနေလို့တကယ်အများကြီးဖြေသိမ့်လို့ရခဲ့တာပါးသားကိုလည်းသိပ်ချစ်ပါတယ်ညီလေးကိုလည်းပါချစ်ပါတယ်ဒါကြောင့်ပါးစိတ်မကောင်းမဖြစ်ရဘူးနော်သား"
"မဖြစ်ပါဘူး ပါပါးရဲ့ပါပါးသားအပေါ်မှာဘယ်လောက်ထိချစ်လဲသားသိတာမို့ရှင်းပြစရာမလိုပါဘူး...ဒီလိုလုပ်ပါးနဲ့သားအပြင်မှာမုန့်ထွက်စားရအောင်...ပါပါးလည်းစိတ်ပြေအောင်"
"ဟို...ဟို...."
တကယ်ဆိုသူအပြင်မထွက်ရဲသေးပါ ဟိုနေ့ကစိတ်လွတ်ပြီးဟိုတယောက်နဲ့နမ်းနေခဲ့တာလေ
...
ဒီလောက်မုန်းရတဲ့လူနဲ့မှနမ်းခဲ့ရတယ်လို့ အဲ့ဒီမျက်နာနဲ့ထပ်ရင်
မဆိုင်ရဲသေးတာကြောင့်ဆုံမှာကိုတအားကြောက်မိ၏သို့သော် ဒီသားကိုပစ်ထားသလိုဖြစ်နေတာကြာပြီမို့ အချိန်ပေးချင်မိ၏ ထို့ကြောင့်ခလေးနဲ့အပြင်ထွက်စားဖို့လက်ခံလိုက်၏
......
"ဟင်!!"
ကားပေါ်ကဆင်းဆင်းခြင်းမြင်လိုက်ရတာက ဒိုင်းခနဲမည်အောင်ပါပဲ
