အပိုင်း။၆၄။ခလေးမသိအောင်ခိုးတွေ့ခြင်း

2.4K 241 90
                                    

မဖြစ်သင့်တာကြီးလို့
ကိုယ်တိုင်တွေးနိုင်လျှက်သားနဲ့
ညှိတွယ်မိသွားတဲ့အဖြစ်ကတကယ်တော့ အချစ်ကြောင့်အရာရာပြိုလဲသွားရလေခြင်းဆိုတာကိုအခုနေမှာတော့နားလည်သဘောပေါက်ခဲ့ရပြီ

အချစ်ကထူးဆန်းသား
ဒီအချိန်မှာမှအချစ်ဆိုတာကို
ရူးရူးနမ်းနမ်းဖက်တွယ်မိရသည်အထိ.... သူ့အပေါ်မုန်းစိတ်ကတဆင့်စွဲလမ်းနေခဲ့တာကြီးကထူးဆန်းခဲ့သား...

မချစ်ပါဘူးမုန်းလိုက်တာလို့
မျက်နာမြင်လိုက်တိုင်းရေရွတ်နေခဲ့ပေမယ့် တကယ်တမ်းကြလက်
မလွတ်နိုင်အောင်ကိုယ်ကပဲဖက်တွယ်နေခဲ့မိ၏

ဘာပျော်စရာမှမရှိတဲ့အတိတ်တွေနဲ့ နာကျင်ခဲ့ရတာတွေကပဲ အချိန်ကြာသွားလို့မှေးမှိန်ကုန်တာလားတော့မပြောတတ်ကျတော့်စိတ်မှတ်တွေထဲကသူနဲ့ပတ်သက်သမျှဟာ နာစရာတခုဖြစ်မနေတော့တာ ရူးများသွားပြီထင်ပါရဲ့...

"ပါပါး"

"ဟင်!!"

သူတယောက်ထဲအခန်းထဲအတွေးများနေတုန်းသားသားရဲ့ခေါ်သံ

ခလေးကခေါင်းအုံးလေးပိုက်ထားကာတောင့်တောင့်လေးရပ်နေတော့ လန့်သွားမိ၏

"ဘာဖြစ်လို့လဲခလေးလေး
အိမ်မက်ဆိုးမက်လို့လားဟင်"

ညက၂နာရီလောက်ရှိပြီမို့
ခလေးနားပြေးကာမေးမိတော့
ခလေးကမိုးချိန်းတာကို​ကြောက်နေတာပဲ

လက်လေးဆွဲကာပါပါးဘေးအိပ်နော်ဆိုပြီးရင်ခွင်ထဲ၁၆နစ်ကျော်ခလေးသားပေါက်လေးအားပွေ့ကာ ကျောလေးကိုပွတ်ပေးတော့ငြိမ်ခံနေ၏

"သားသားကလေငယ်ငယ်ကအရမ်းချစ်ဖို့ကောင်းခဲ့တာ"

"အခုရော?"

"အခုလည်းတအားကောင်းတာပေါ့ပါးသားကတကယ့်ချစ်မွေးလေး"

"Renထက်လား!!"

"ဒါ..ဒါကပါးကတော့ပါးခလေးတိုင်းကိုအကုန်ချစ်ပါတယ်"

"မရဘူးးး"

"အယ်ကွယ်...ဟုတ်ပါပြီကိုကိုထက်ငယ်လေးကိုပိုချစ်ပေးပါ့မယ်...သားကိုကိုကလူကြီးလေးငယ်ငယ်ထဲကပါးထွေးပွေ့တာတွေနဲ့သူကကင်းအောင်နေတယ်...သူလူကြီးလေးလိုတည်ငြိမ်တယ်...ပါပါးကကြ ဓာတ်ပုံထဲကပါးခလေးလေးကိုခိုးခိုးလွမ်းတော့ကိုကိုကသားနဲ့ပါပါးကိုအရမ်းအဆင်ပြေစေချင်တာ...စိတ်ချပါကိုကိုကဘယ်တော့မှသားနဲ့ပြိုင်ပြီးပါပါးကိုမလုပါဘူး သူကသားကိုအလျှော့ပေးမှာပါ"

ရန်သူ OTP ver S1 and S2Where stories live. Discover now