သူတို့အားကိုးတကြီးလာရှာတဲ့လူကmyanmarပြန်သွားပြီလည်းကြားရော
စိတ်အားငယ်မိသွားတာကတော့အမှန်ပါပဲ
သို့သော်ဒါကကံတရားအလိုကျပဲလေ"ဟုတ်ကဲ့ပါအကို...
ကျေးဇူးပါနော်
ဒါဆိုညီမတို့ပြန်လိုက်ပါအုံးမယ်.."ထိုသို့ပြောကာHotelရှေ့ကထွက်သွားကြသူများ
သူကံမကောင်းဘူး
သူ့ချစ်သူအသက်ရှင်ဖို့
လွန်ဆွဲနေချိန်မှာသူတွေ့ခွင့်မရလိုက်လို့......."Jeon jungkook!"
"ဘာလဲ!!!"
"jungkook မင်းဒါတော့
ပေးတွေ့သင့်တယ်ဟာ
အခုမေရီကအရေးပေါ်မှာလေ
သတိမရသေးဘူးလေ..ပေးတွေ့လိုက်ပါ....
မတော်...မေရီတစ်ခုခုဖြစ်သွားရင်...""ကားတိုက်မူ့တွေကဒီမှာဖြစ်နေကြပဲဘယ်နစ်ယောက်သေတာကြားဘူးလို့လဲ
ဒီလောက်ဆေးဝါးကောင်းနေတဲ့နိုင်ငံမှာ၅လွှာကကျတဲ့လူတောင်မသေနိုင်သေးတာ
သူကကားတိုက်ရုံနဲ့သေစရာလား....""jeon jungkook မင်းအခုပြောနေတာ
မင်း ၆နစ်လောက်တွဲလာခဲ့တဲ့
မင်းကောင်မလေးနော်...
မင်းလည်းသွားတွေ့သင့်တယ်""ငါကဘာကိစ္စသွားတွေ့ရမှာ
ငါ့ကိုပက်ပက်စက်စက်ပြောပြီး
ခွေးနေရာပို့သွားတဲ့လူကိုငါကသွားတွေ့ရမယ်...
အေး အဲ့လိုလူမို့ ပိုမမြင်ချင်တာ ပြီး
အခုနကအဖြစ်ပျက်တွေကို
မင်းတသက်မေ့လိုက်jay
ဘယ်တော့မှလည်းပါးစပ်က
ထုတ်မပြောနဲ့၊
ထပ်ပြောမယ်ငါနဲ့ရောဟိုလူနဲ့ရောကဟန်မေရီနဲ့ဘာမှမဆိုင်တော့တဲ့လူမင်းပါးစပ်ပိတ်ထားလိုက်တော့
ငါကဟန်မေရီရဲ့ရန်သူ
ဟိုလူကကြသူ့ပါးစပ်သူ့အပြုမူတွေနဲ့
ဟန်မေရီကိုတွန်းထုတ်ထားတဲ့လူ
ဒီပွဲမှာဟန်မေရီကငါတို့စည်းပြင်ကိုရောက်ပြီးသားပဲ
ငါတို့နဲ့လုံးလုံးမဆိုင်တော့ဘူး
ဒါကြောင့်သူရဲ့သေခြင်းရှင်ခြင်းကလည်း
ငါတို့နဲ့မပတ်သတ်ဘူး....""jeon jungkook
မင်းရူးနေပြီ မင်းလွတ်နေပြီ
မင်းဟိုလူ့ကို
လက်လွတ်ရမှာကြောက်ရုံနဲ့
တသက်လုံးအပြောမလွတ်မယ့်
ဒီကိစ္စကြီးကိုမင်းလုပ်နေပြီ""မဆိုင်တာတွေမပြောနဲ့jay
ငါကမလိုလို့မလိုဘူးပြောတာ...
ငါ့ပယောဂမပါပဲ
သူ့ဟာမကိုငါနာကျင်အောင်လုပ်မှာပူထူပြီး
သူကိုယ်တိုင်သံယောဇဥ်ဖြတ်ပြီးသားကို
မင်းကဘာသူတော်ကောင်းလုပ်ချင်နေတာ..
အေးဒီစကားဟိုလူ့နားထဲရောက်လို့ကတော့
မင်းကိုလည်းငါဘာလုပ်မလဲကြည့်ထား"
