အပိုင်း။၄။အမုန်း၏နစ်ယောက်တစ်ဘဝ

3.8K 289 14
                                        

"ဂုဏ်ယူပါတယ် သမီးလေးရေ"

"ဟာ...မာမား"

သူမမိတ်ကပ်လိမ်းနေချိန်တွင်
အခန်းတွင်းသို့ဝင်လာသော
မိခင်ဖြစ်သူကြောင့်ဝင်းပ
သွားသောမျက်နာလေး

"မေရီလေး မာမားရဲ့မေရီလေးက
လှလိုက်တာ ဒါကြောင့်လည်း
ဥက္ကထကတော်ဖြစ်တော့မှာလေ"

"မားမားလှလို့မေရီလှတာပေါ့လို့"

"မားမားကလှပေမယ်​့
အိမ်ထောင်ကျကံမကောင်းဘူး
ခလေးရ...ခလေးကကြ
မာမားစကားကိုနားထောင်ပြီး
ဘဝကိုပြည့်စုံအောင်ထားပေးနိုင်သူနဲ့လက်ထပ်ရတော့...မာမားဘဝကအခုမှ
စိတ်အေးရတော့တယ်
ဟိုတယောက်နဲ့တုန်းက ပြောမရဆိုမရဖြစ်ခဲ့တာတွေကြောင့်
မာမားဘယ်လောက်ငိုခဲ့ရလဲမားအသိဆုံးပဲ"

"အဲ့ဒီတုန်းကသမီးကစဥ်းစား
ညာဏ်မရှိခဲ့လို့ပါ..
သမီးရူးနေတုန်းမို့လို့ပါ
ကိုကိုနဲ့ကြမှ
အားလုံးကိုနားလည်သွားတယ်
....
ပြည့်စုံခြင်းအကြောင်း
စိတ်ချမ်းသာခြင်း
အကြောင်းတွေကိုကိုကိုက
လွယ်လွယ်လေး ပေးခဲ့နိုင်တယ်"

"ဒါကြောင့်အခုကပြီး
Qwee ဥက္ကထကိုပိုင်ဆိုင်လိုက်ပြီမို့လောကမှာရှိသမျှ အရာအားလုံးသမီးလက်ညိုးထိုးရုံပဲ
လိုချင်တာမှန်သမျှ တလိုက်ရုံပဲ
သူကချစ်တော့သမီးအလိုကျဖြည့်ဆည်းပေးမှာ......
ဒါကြောင့် အခုကစပြီး
ေမာ်နိုင်သမျှမော်ထား....
သမီးကသာမန်မိန်းခလေးမဟုတ်တော့ဘူး....
IT လုပ်ငန်းစုရဲ့ ဥက္ကထကတော် "

"ဟုတ်မာမား သမီးအခုကစပြီး
မားမားပြောသလိုနေပါ့မယ်"

"ဒါမှ မာမားသမီး"

ေလာဘတွေနဲ့အချစ်အသစ်မှာ
သူမဟာ သူမမိခင်ရဲ့ ဆိုဆုံးမမူ့တွေကြားအရောင် တွေပါသောစိတ်ခံစားချက်တွေနဲ့
သူမစိတ်တွေဟာ အစွန်းဆုံးကို
ရောက်လို့နေခဲ့လေပြီ

=========

"ကိုရေ
သားကအခုထိမရောက်လာသေးဘူး"

"အင်း ကိုယ်လူလွတ်ပြီးရှာခိုင်းလိုက်မယ်"

ခန်းမထဲတွင်ဧည့်သည်တွေပင်
အလျှိုလျှိုရောက်လာကြပြီမို့
အခုထိပေါ်မလာသေးသော
သားအားရှာရန်လူလွတ်ရတော့၏

ရန်သူ OTP ver S1 and S2Tempat di mana cerita hidup. Terokai sekarang