အပိုင်း။၄၃။ခင်ဗျားကိုဘယ်ကောင်မှထိပါးခွင့်မရှိဘူး

2K 181 27
                                    

Chaing Raiတဲ့အရမ်းကိုလှပတဲ့
ဒေသလေးပေါ့...

တိမ်ပင်လယ်နဲ့မြူတွေစိုင်းနေတဲ့
တောင်တန်းကြီးရှိရာ
ထိုင်းရဲ့အေးမြတဲ့နေရာဌာနေ တစ်ခု...ထိုင်း၏မြောက်ပိုင်းနယ်မြေဟာ ထိုလောက်ထိလှပသည်

တောင်လယ်ခါးပန်းတွေမှာ
Coffee shopတွေလည်းရှိကာ
တောင်ခြေမှာပန်းခြံတွေ၊
ဘုရားတွေလည်းရှိသည်.....

Chaing Rai ဟာတကယ့်ကို
နေချင်စဖွယ်ကောင်းသောနေရာတစ်ခုသာ

====

သဲတုန်ကတော့ရရမယ်ဆို
ထမင်းမေ့ဟင်းမေ့အခုလည်း
Phin pia (พิณเพียะ) သူအခုမှ
ကြားဘူးတဲ့တီးလုံးနဲ့ကနေပြီဖြစ်သော....

တကယ့်ကိုအမွေစိန်လုံးလေး
သူမသိသူမတတ်တာဘာမှမရှိ
သံစဥ်အေးအေးလေးကိုတောင်
ရအောင်ဒွန့်တဲ့သားပေါက်

ကြည့်ရတာသူကြီးလာရင်Idolလုပ်မယ့်ပုံ..
အဆိုးလေးကလွယ်မနေပါ....

ရောက်ကထဲကHotelက
စီစဥ်ပေးထားတဲ့နေရာမှာခရီးပန်းလို့
ကိုယ်စီအနားယူနေပြီဖြစ်သောလူများ....

ဟိုတယောက်ကိုတော့အထုတ်ချပြီး
ထဲကထွက်သွားတာအခုထိမတွေ့ရသေး....​

မမြင်ရလေကောင်းလေမို့စိတ်ထဲက
လည်းရှာမနေမိ

ထိုင်းရိုးရာအဝတ်စားလေးနဲ့
သဲတုန်ကတော့လုံးဝ
သင်္ဘောသီးထောင်းလေး
ဖြစ်နေပြီဖြစ်သော...

အီးပေမို့Hotelရောက်တာနဲ့
သူ့ကိုအရင်အီးထုတ်ဖယ်ပေးရ
ရေချိုးပေးရဒါကိုမအိပ်ပဲကနေပါသော
သဲတုန်ဇကမသေးချေ....

တိမ်ပင်လယ်ဖြစ်နေသော
ပြတင်းပေါက်လေးကိုငေးကြည့်ရင်း
ညနေကြရင်ထိုင်းအစားစာတွေစားဖို့အားတင်းရင်း
တဘက်ခါညနေ
ချင်းမိုင်ဆင်းဖို့ဘာလိုတွေလို
အပ်မလဲဘယ်တွေသွားရမလဲတွေးနေမိသည်...

ဒီနေရာမှာအ​ခြေချချင်မိတာကတော့လိမ်၍တော့မရပါ
တကယ်အရမ်းသဘောကျမိသောနေရာလေး....

တွေးတာကိုခဏထားရင်ရေချိုးရန်ပြင်မိသည်...

တမနက်လုံးသဲတုန်မွေ့ထားတာ
ခဏနားမှ
မဟုတ်ရင်အမောဖောက်တော့မယ်။

ရန်သူ OTP ver S1 and S2Waar verhalen tot leven komen. Ontdek het nu