အပိုင်း။၆၃။အချစ်ကြောင့်အရာရာ

2.5K 283 98
                                    

ခပ်မှိုင်းမှိုင်းကျောက်သားပေါ်က
ထွင်းထုထားတဲ့ နာမည်အိုလေး

သေဆုံးသွားပြီဆိုတဲ့အမှတ်အသားတခုသာရှိပြီး
အရိုးပြာကတော့ဒီနေရာကိုသူမသေဆုံးပြီး ၆နစ်ကျော်ကြာမှရောက်လာခဲ့ရသည်..

ထိုလူနဲ့ကွဲပြီးမှဒီနေရာမှာကိုယ်တိုင်သူမအားမြုတ်နှံပေးခဲ့၏

မာယာမီကပင်လယ်လေတွေဟာ
သူမကိုအေးချမ်းစေနိုင်မလား

၁၆နစ်ရှိခဲ့ပြီ
သူမသေဆုံးသွားခဲ့တာဒီနေ့မှာဆို၁၆နစ်တင်းတင်းပြည့်ခဲ့ပြီ

နစ်တိုင်းသူမဆီကိုရောက်လာခဲ့ပေမယ့်ဒီနစ်မှာတော့မျက်နာပူလှ၏...

"မေရီကိုကိုမဖြစ်သင့်တာကြီးကို
လုပ်ယူခဲ့မိပြီ...."

"တကယ်မဖြစ်ထိုက်တာကြီး
အခုမေရီ့ရှေ့ရောက်နေတာတောင်ကိုကိုသူ့အကြောင်းကိုတွေးမိနေတယ်..."

"လက်လွတ်ပေးခဲ့တာတွေကိုနာကျင်နေမိတယ် တကယ်မဖြစ်သင့်တာကြီး.... "

"ကိုကိုကရူးနေပြီထင်တယ်
မေရီရယ်....ကိုကိုရူးချင်နေပါပြီ"

အခုထိနာကျင်မရပ်သေးတဲ့နလုံးသားဟာမေရီ့ရှေ့ရောက်နေခဲ့တာတောင်နာကျင်မြဲသာ...

နေသည်လည်းဝင်ရော့မည်
ခပ်လှမ်းလှမ်းက
ပင်လယ်လှိုင်းဒဏ်ခပ်ပြင်းပြင်းရဲ့အသံဟာကျယ်လောင်စွာသာ
မေရီကတော့ကောင်းမွန်စွာအိပ်စက်နေခဲ့ပြီသာ

.....
.....

သူအခုဆိုမာယာမီကိုရောက်နေတာ တပတ်ပင်ရှိတော့မည် Hotel မှာမတည်းချင်သဖြင့်အရင်ထဲကသူဝယ်ထားသောဒီအိမ်လေးမှာနစ်စဥ်နစ်တိုင်းရင်ထဲကမွန်းကြပ်မူ့ကိုဖြေဖျောက်နေခဲ့၏...ဒီနစ်ကတော့အမွန်းကြပ်ဆုံးနေ့
မလိမ်မာနေတဲ့ကိုယ့်ကိုကိုယ်ပြန်ဆုံးမနေရတာမို့ ဘယ်ကိုမှမထွက်ဖြစ်မသွားဖြစ်ပဲ ညနေနေအေးမှနေ့တိုင်းမေရီ့ဆီမှာရင်သွားဖွင့်တတ်၏

....

ဒီနေ့လည်းထုံးစံအတိုင်း
အိမ်ကနေလမ်းလျှောက်ရင်းပန်းဆိုင်ထဲဝင်ကာမေရီ့အတွက်ပန်းဝယ်သည် ပြီးသူမရှိရာကမ်းခြေဘေးမှာပန်းခြံမြေအားဝင်ဖို့လုပ်လိုက်မိ၏

ရန်သူ OTP ver S1 and S2Kde žijí příběhy. Začni objevovat