အပိုင်း။၂၁။အလျှော့ပေးလိုက်တာကြောက်လို့မဟုတ်ဘူး

4K 231 7
                                        

Manhattan Mall ရဲ့ အလယ်ဗဟိုချက်မ၊
luxury brands ဆိုင်ခန်းတွေဆီ
တဖက်နဲ့တဖက်ကူးလူးသွားလာရတဲ့နေရာလွတ်ပြင်ကျယ်တွင်ရောက်ရှိနေကြသော
ကောင်လေးသုံးယောက်...

သုံးယောက်လုံးကပေါင်တို
ဘောင်းဘီလေးကိုမှစတိုင်ကိုယ်စီနဲ့ရယ်၊နစ်ယောက်ကsunglasseကိုပင်
Mallထဲတပ်ထားသူကတပ်ထား
အင်္ကျီရှေ့တွင်အလှချိတ်သူကချိတ်ထားနဲ့
တစ်​ယောက်တမျိုးဆီပဲထုတ်နေကြခဲ့သည်

jimin ကကြအသက်ရွယ်
တစ်ခုရောက်နေပြီမို့
ထိုသို့ခလေးတွေနဲ့အတူတူ
အလန်းဆုံးတွေလုပ်မနေကာ
သူလွယ်ထားသောLV
ကျောပိုးအိတ်ငယ်လေးထဲအကုန်ပစ်ထည့်ထား၏...

မိုးလင်းထဲကShoppingဆိုပြီး
ဂျီတိုက်နေသောseok နဲ့yoongi ကြောင့်ကိုယ်ကလည်း
သူတို့ဆွဲခေါ်ရာနောက်သူတို့၏။အခုကကိုယ်ရံတော်များခြံရံကာ
myanmarမပြန်ခင်တရက်အလိုမှာShoppingထွက်နေကြခြင်းသာ....

မင်းသားခေါင်းဆောင်းတဲ့
ဘီလူးကောင်ကဒီလိုအချိန်မှာ
သူဘာလုပ်ရမလဲကိုသေချာသိ၏..

ဟိုတစ်ခါMallထဲ
အချိန်နည်းနည်းပဲပေးပြီး
ခလေးပစ္စည်းတွေ
အနိုင်ကျင့်ဝယ်ခိုင်းတဲ့အခေါက်ကလွဲပြီးတသက်နဲ့တစ်ကိုယ်သူ့ကဒ်မပေးကိုင်တဲ့ကောင်က
ဒီနေ့ဒိတ်ဒိတ်ကြဲသူဌေးခင်ပွန်းတွေနဲ့ကိုယ်ကစျေးဝယ်ထွက်မှာဆိုတော့လူကြားထဲသူအရှက်အကွဲမခံနိုင်၍ထင်သည်
အခန်းထဲပြင်ဆင်နေတုန်းကဒ်အားအိပ်ယာပေါ်ကောက်ပေါက်သွားပေးခဲ့သည်။

အစက စိတ်ထဲမြတ်ခနဲဖြစ်သွားပေမယ့်အကြောင်းပြချင်လို့ကို
အဲ့ဒီကဒ်ကိုကိုင်ပြီးလုပ်ချင်တိုင်းလုပ်ပစ်မယ်လို့
တေးထားပြီးသူဒီနေရာကိုလာခဲ့ခြင်း

ကမ္ဘာ့စျေးအကြီးဆုံးဆိုတဲ့ Brandတွေကအခု
သူတို့ရှေ့မှာတော့ဘာမှမဟုတ်သလိုပါပဲ...

ကြိုက်ရင်ဆင်တူပုံစံတူကိုပင်သုံးလေးအိတ် သုံးလေးထည်ဝယ်ကာဖြုန်းနေကြသူများ

ပိုဆိုးသည်ကဒီနေ့မှာအဖြုန်းဆုံးကjiminသာ

နောက်ကကိုယ်ရံတော်များ
လက်ထဲတွင်သူဝယ်ထားသောအိပ်တွေက
ပိုလို့တောင်များနေ၏.....

ရန်သူ OTP ver S1 and S2Tempat di mana cerita hidup. Terokai sekarang