Ep-(01)🌷

67 2 0
                                    

They are falling in love with some boy ep(1)

''ဒုန်း ဂလွမ်း ဖုန်း ခလွမ်း''

မနက်မိုးလင်းပြီဆိုတာနှင့် အလဲလဲအကွဲကွဲအသံတွေက အိပ်နေဆဲဖြစ်သည့် အိမ်သားများကိုမထထအောင် လှုံ ့ဆော်နေတော့သည်။ နားမခံနိုင်အောင်ကျယ်လောင်လွန်းတဲ့အသံတွေကြောင့် ပထမဆုံးထလာသည်က ဈာန်သစ်ဝင်။

အသက်အားဖြင့် 32၊ အလွန်စိတ်ဆတ်ပြီး သူငယ်ချင်းသုံးဦးအနက်အေးဆေးတည်ငြိမ်ဆုံးသောလူ၊ ငယ်စဉ်ကတည်းကစည်းကမ်းကြီးသောဦးလေးဖြစ်သူ၏လက်ထဲတွင် ကြီးပြင်းလာရ၍ ဤပုံစံအေးတိအေးစက်ဖြစ်နေသည်မှာမဆန်း။ သူငယ်ချင်းသုံးဦးအနက်တွင် အားသာချက်အများဆုံးသောသူဖြစ်ပေသည်။ သို့ရာတွင် ဈာန်သစ်ဝင်၌ အားနည်းချက်တစ်ခုရှိပေသည်။ ထိုအရာမှာအရက်ပင် ဈာန်သစ်ဝင် ပါးစပ်ထဲအရက်တစ်စက်ဝင်နိုင်ရန် ခက်ခဲလှပါသည်။ ပါတီတွေ၊အခမ်းနားတွေမှာတောင်သူရှောင်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူ့အကြောင်းသူသိ၍ဖြစ်ပေသည်။ အရက်ဝင်လျှင်ဈာန်သစ်ဝင်ကိုမည်သူမှမထိန်းနိုင်တော့ပေ။ ဈာန်သစ်ဝင် လားဟုတောင်မေးယူရသည့်အဖြစ်မျိုးပင်။

မကြာခင်ပင် ရိုှင်းမာန ဆိုသူနိုးလာပေသည်။ အသက်အားဖြင့် 30 သူငယ်ချင်းသုံးဦးအနက် အငယ်ဆုံးပင်ဖြစ်သည်။ သူငယ်ချင်းသူံးဦး၏ အနိုင်ကျင့်မှုကိုခံရသောသူဖြစ်ပေသည်။ အေးလည်းမအေး ပုံမှန်အနေထားပင်ဖြစ်သည့်သူ့နေဟန်။ မိသားစုဝင်ငါးယောက်ရှိပြီး ယောကျာ်းလေးဆို၍သူတစ်ယောက်ထဲသာ။ အငယ်ဆုံးသားထွေးလည်းဖြစ်ပေသည်။ ရိုှင်းမာန ၏အားသာချက်မှာ popular ပင်။ သူငယ်ချင်းသုံးဦးအနက် ရိုှင်းမာန မှာ popular အဖြစ်ဆုံးပင်။ အားနည်းချက်မှာအယုံလွယ်ခြင်းပင်။ အူကြောင်ကြောင်ပုံစံဖြစ်၍ သူငယ်ချင်းများဂျင်းထည့်သမျှခံရသူ။

လုပ်ရိုးလုပ်စဉ်ဖြစ်သည့် မျက်နှာသစ်၊သွားတိုက်ကာ ဆူဆူညံညံအသံများကြားရသဖြင့် ရေပင်မချိုးနိုင်ဘဲအိမ်အောက်ထပ်သို့နှစ်ယောက်သားမတိုင်ပင်ဘဲ ဆင်းခဲ့ကြပေသည်။ အသံကားမီးဖိုချောင်ကဖြစ်၍ မီးဖိုချောင်ရှိရာသို့သွားရာ တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် ရိုှင်းမာန မှာထိန်းမရအောင်ရယ်မိတော့လေသည်။ သို့သော် ကျောက်ရုပ် ဈာန်သစ်ဝင် မှာမီးဖိုချောင်ထဲ၌ဗရုတ်သုတ်ခဖြစ်နေသည့်သူကို စိတ်ပျက်လက်ပျက်ကြည့်နေမိလေသည်။

There are falling in love with one boy (ongoing) Where stories live. Discover now