Ep-02 🌷

31 1 1
                                    

Unicode

They are falling in love with some boy ep(2)

Meeting ကအနည်းဆုံးနှစ်နာရီလောက်ကြာတတ်တာမို့လမ်းတွင်ဗိုက်ပြည့်စေရန် ကော်ဖီအေးတစ်ခွက်နှင့်ပေါင်မုန့်တစ်လုံးကိုဆင်းဝယ်ခိုင်းရသည်။ ယနေ့ဆွေးနွေးရမည့် project အားမုန့်စားရင်းကြည့်ကာကုမ္ပဏီသို့ရောက်ခဲ့တော့သည်။ လက်အားလက်ကိုင်ပဝါဖြင့်သေသေချာချာသုတ်လိုက်ပြီး ပါးစပ်နားတစ်ဝိုက်ကိုပါသုတ်လိုက်သည်။ ပြီးသည်နှင့်အကျႌကိုသေချာပြန်သပ်ချလိုက်ပြီးကားပေါ်မှဆင်းကာ လေးထပ်ရှိ Meeting room သို့သွားရန်ဓာတ်လှေကားနားသို့လျှောက်လာခဲ့လိုက်သည်။ CEO လာနေတာဖြစ်တာကြောင့် ဓာတ်လှေကားတွင်ရှိနေသောဝန်ထမ်းများကအပြင်သို့ထွက်ကာနေရာပေးလေသည်။
ဓာတ်လှေကားဖြင့်လေးထပ်သို့တက်ရာတွင်ဗိုက်ထဲ၌နေရခက်လာပြီးချွေးပါပြန်လာတော့သည်။ ဗိုက်တစ်ခုလုံးမွှေနှောက်သလိုခံစားနေရပြီးမမျှော်လင့်ဘဲလွှတ်ထုတ်မိလိုက်သည့် gas တစ်ခုကြောင့် ဈာန်သစ်ဝင် မှာမျက်မှန်အားဇတ်ခနဲဆွဲချွတ်မိလိုက်တော့သည်။

~သွားပြီ ဒီအချိန်မှလားကွာ~

ဓာတ်လှေကားထဲတွင် PA, managerနှင့် Department of Communications မှ၀န်ထမ်းအကြီးကဲနှစ်ဦးလည်းပါရှိလေသည်။ အပြင်သို့မရောက်နိုင်သော gas များသည် ဓာတ်လှေကားအတွင်းတွင်မွန်းကြပ်စွာပိတ်လှောင်နေသဖြင့် ပိုင်ရှင်ဖြစ်သူ ဈာန်သစ်၀င် ၏နားခေါင်းထဲသို့ပင်လာရောက်နေလေသည်။ Zan Trading Company ၏CEO ဈာန်သစ်၀င် ကဓာတ်လှေကားအတွင်းတွင် gas ထုတ်လွှင့်မှုတစ်ခုအားဖန်တီး ဟူသောအကြောင်းရာကိုမမြင်ချင်သဖြင့် ဘေးတွင်ရပ်နေသော PA သောင်းဟိန်း ဘက်သို့လှည့်၍-

"ဓာတ်လှေကားထဲမှာလူတွေရှိနေတဲ့ကိစ္စကို မအောင့်အည်းထားနိုင်ဘူးလား ဆင်ခြင်မှပေါ့"
"ဗျာ"

ကြောင်တောင်တောင်လေးဖြစ်နေသည့် PA သောင်းဟိန်းကို ခပ်ဆတ်ဆတ်လေးကြည့်သည်နှင့်တစ်ပြိုင်နက် ခေါင်းငုံ့သွားရှာလေသည်။

"Sorry boss"

ကိုယ့်အနံ့တောင်ကိုယ်မခံနိုင်တော့တာကြောင့် လေကောင်းလေသန့်ရရန် ၅လွှာ၌ပင်ဓာတ်လှေကားရပ်ခလုတ်ကိုလှမ်းနိုပ်လိုက်ပြီး ထွက်ရန်ပြင်စဉ်ဓာတ်လှေကားရှေ့တွင်ရှိနေသည့် ၀န်ထမ်းများ၏မျက်နှာများမှာရှုံ့မဲ့ကုန်ကြလေသည်။ ရှေ့ဆုံးတွင်နေနေသူက မိမိဖြစ်တာကြောင့် Pa သောင်းဟိန်း ဘက်သို့လှည့်ကာပင်ပြောရန်ပြင်စဉ်အလိုက်သိတတ်သောတပည့်ကြောင့် စိတ်သက်သာရသွားသည်။

There are falling in love with one boy (ongoing) Where stories live. Discover now