Ep-03🌷

13 1 1
                                    

Unicode....

They are falling in love with one boy ep(3)

တစ်ပတ်ခန့်ကြာသည်အထိ သုံးယောက်စလုံးငြိမ်နေမိသည်။ စနေနေ့အလုပ်နားရက်တစ်ရက်တွင် schedule များမရှိကြတာကြောင့်သုံးယောက်စလုံးအိမ်၌သာရှိကြပေသည်။ အလုပ်ပိတ်သည့်ရက်များတွင်လျှောက်လည်ပတ်ကြရအောင်အသက်အရွယ်က over 30 ဖြစ်နေကြပြီဖြစ်သောကြောင့်လူလတ်ပိုင်းစာရင်း၀င်ကြပေပြီ။ အပြင်ထွက်၍‌လူတောတိုးရသောအလုပ်ကိုမလုပ်ချင်ကြတာကြောင့်လည်းပါလိမ့်မည်၊ အိမ်ထဲ၌သာကော်ဖီသောက်လိုက်၊TVကြည့်လိုက်၊phoneကြည့်လိုက်၊ပန်းပင်များရေလောင်းလိုက်၊စာဖတ်လိုက်နှင့်အချိန်ကုန်အောင်ဖြုန်းမိကြသည်။ ဤတွင် ဈာန်သစ်၀င် နှင့် ရှိုင်းမာန တို့နှစ်ယောက်စာကြည့်ခန်းထဲတွင်ရှိနေကြပြီး တစ်ယောက်ကိုတစ်ယောက်မသိမသာလှမ်းကြည့်မိကြသည်။

ရှိုင်းမာန သည်ယခင်ကပွဲအတွက်မကျေပွဲနွှဲချင်နေပြီး စစ်ကူအတွက်ဈာန်သစ်၀င်ကိုအတူတကွလာပူးပေါင်းစေလိုသည်။ ထို့အတွက်အကြံစည်တစ်ခုကိုတိုင်ပင်ရန် တံခါးပေါက်နားသို့မကြာခဏချောင်းချောင်းကြည့်ရင်း ခံ့ညားစစ် ၏အသွားလာကိုစစ်ဆေးနေရသည်။ ဈာန်သစ်၀င် ကလည်းအဖြောင့်ကိုမှအကောက်ဟုထင်ခံရလောက်အောင်ကုန်းချောခဲ့သည့် ခံ့ညားစစ် ကိုသေချာလေး lesson ပြချင်နေသောကြောင့် ရှိုင်းမာန ၏အကြံကိုရိပ်မိသည်။ သို့ရာတွင်ဤအိမ်ထဲ ခံ့ညားစစ် ပါရှိနေတာကြောင့်ပြောချင်တာမပြောနိုင်သေးဘဲစာအုပ်စင်များကြားမှ စာအုပ်တစ်အုပ်ပြီးတစ်အုပ်ဆွဲယူကာစိတ်မပါတပါဖြင့်ဖတ်နေမိသည်။ အချိန်တစ်ခုအကြာစောင့်ဆိုင်းပြီး၍အိမ်ပေါ်ထပ်၌သာရှိနေလောက်မည်ဟုတွေးမိကာ ဈာန်သစ်၀င် အားအသံခပ်အုပ်အုပ်ဖြင့်လှမ်းခေါ်လိုက်သည်။

"ဟျောင့် ဈာန် ဒီကိုလာအုန်း"

ရှိုင်းမာန ၏အရှေ့တွင်ထိုင်ခုံဆွဲယူကာထိုင်လိုက်၍ ခေါင်းကြီးဆိုင်လိုက်သည်။

"Lessonပြန်ပေးဖို့ကိစ္စ ငါတို့သူ့ကိုပြန်ကစ်မှဖြစ်မယ်"
"ဘယ်လိုလုပ်မှာတုန်းမင်းက"

စီးပွားရေးနှင့်သမိုင်းကြောင်း၊ဗဟုသုတတို့၌သာပို၍ရှေ့ပြေးသော ဈာန်သစ်၀င် သည်ဤကိစ္စများတွင်ရမှတ်ကားသုံညဖြစ်သဖြင့်အူကြောင်ကြောင်ဖြစ်နေရလေသည်။ ဒါကို ရှိုင်းမာန ကအကွက်မြင်တုန်းပစ်ပစ်နစ်နစ်ဆဲကာကဲ့ရဲ့လေသည်။

You've reached the end of published parts.

⏰ Last updated: Dec 23, 2023 ⏰

Add this story to your Library to get notified about new parts!

There are falling in love with one boy (ongoing) Where stories live. Discover now