-2- Zawgyi

54 3 0
                                    

၂၀၁၈ခုနှစ် ၊ ရန်ကုန်မြို့။

မိုးအကုန် ဆောင်းအကူးကာလပေမို့ရာသီဥတုကသာသာယာယာရှိလှ၏။ သီတင်းကျွတ်ကျောင်းပိတ်ရက်ကာလမို့ တာဝန်ကျရာ ပဲခူးမြို့ကနေ ရန်ကုန်သို့ ဇွဲ ခဏပြန်ရောက်နေခြင်းဖြစ်သည်။

လူအများအပြားနှင့် ရှုပ်ရှပ်ခတ်နေတတ်သည့်နေရာတွေဆို မကြိုက်တတ်သည့်ဇွဲအကျင့်အရ အခုလိုပိတ်ရက်တွေမှာလည်း အိမ်တွင်းအောင်းဖို့သာစဉ်းစားထားသည်။ လပြည့်နေ့ကျမှသာ ချစ်ဦးသူ ဆူးနှင့် တူနှစ်ကိုယ်ယှဉ်တွဲပြီး ဘုရားတက်ဖို့စီစဉ်ထားသည်။

ချစ်ဦးသူဟုဆိုသော်ငြားလည်း သူတို့နှစ်ယောက်၏ ဆက်ဆံရေးဟာ သူ့သူငယ်ချင်းနှစ်ယောက်၏ မြှောက်ပင့်ပေးမှုကြောင့်သာ ချစ်သူ ဟူသည့်ခေါင်းစဉ်အောက်ကိုရောက်ခဲ့ကြရခြင်းဖြစ်သည်။ အနေအထိုင်သိုသိပ်လွန်းသည့် ဇွဲ အကျင့်အရသာဆို ယခုအချိန်မှာလည်း ဇွဲဟာ တစ်ကိုယ်တည်းလူပျိုကြီးဖြစ်နေဦးမည်ပင်။

မည်သို့ပင် သူငယ်ချင်းတွေကြောင့်ပဲ ချစ်သူတော်ထားရတယ်ဆိုဆို တစ်ချိန်မှာ ကိုယ့်လက်တွဲဖော်ဖြစ်လာမည့် တစ်ဖက်မိန်းကလေးအပေါ်ကိုတော့ ဇွဲ နွေးထွေးကြင်နာပေးခဲ့သည်။ နှစ်ဦးသား နားလည်မှုအပြည့်ဖြင့် ထိုဆက်ဆံရေးကိုတည်ဆောက်ထားခဲ့ကြသည်။ တာဝန်ကျရာနယ်တွေကို သွားရောက် တာဝန်ထမ်းဆောင်နေချိန်၌လည်း အားလျှင်အားသလို ဆူးသစ္စာအပေါ် ဇွဲ အချိန်ပေးခဲ့သည်။

တက္ကသိုလ်ပထမနှစ်ကတည်းက စတွဲခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကို မိန်းကလေးဖြစ်တဲ့ဆူးက ပိုမိုတည်တံ့ခိုင်မြဲလိုသည့်စိတ်နှင့် စေ့စပ်ကြောင်းလမ်းထားချင်သည်ဟု တောင်းဆိုလာသည့်အချိန်၌ ဇွဲ ငြင်းဆန်ခဲ့သည်။ တခြားအရာတွေမှာတော့ လိုက်လျောပေးနိုင်ခဲ့ပေမယ့် ထိုတောင်းဆိုမှုကိုတော့ ဇွဲ ငြင်းဆန်ခဲ့သည်။

ထိုသို့ငြင်းဆန်ခဲ့ရသည်မှာလည်း တစ်ဖက်မိန်းကလေးအပေါ် တန်ဖိုးမထားလို၍မဟုတ်ပဲ ဘယ်သူမှခန့်မှန်းလို့မရတဲ့ ကံအကြောင်းတရားအရ ဝေးကွာသွားခဲ့ကြရသည်ရှိသော် ယောက်ျားလေးဖြစ်တဲ့ ဇွဲက အကြောင်းမရှိပေမယ့်။ မိန်းကလေးဖြစ်တဲ့ ဆူးသစ္စာအပေါ် ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုတွေကျရောက်မည်ကိုစိုးရိမ်သောကြောင့် ငြင်းဆန်ခဲ့ခြင်းသာ။

The HEART Finder (နှလုံးသားရှာသူ)Where stories live. Discover now