အပိုင်း[၁၅]

8.6K 432 7
                                    

Unicode

စိတ်ထဲတွင် မမပြောသွားသောစကားကိုသာ အကြိမ်ကြိမ်တွေးနေမိသည်။
ထိုကောင်မလေးက မိမိကိုကိုသဘောကျတယ်ဆိုတာကိုပါပဲ။
အချိန်ခပ်ကြာကြာအထိ ရှေ့ကကောင်မလေးအား အကဲခပ်ကြည့်မိသည်။
ထိုကောင်မလေးအားစူးစူးစိုက်စိုက်ကြည့်မိတော့ ကောင်မလေးက အကြည့်မခံ ခေါင်းငုံ့သွားသေးသည်။
တကယ်ပဲ ထိုကောင်မလေးစိတ်ကိုသိချင်မိသည်။
ကိုယ့်ကိုသူတကယ်ပဲစိတ်ဝင်စားနေတာများလား။
တကယ်လို့များမမပြောသလို မိမိကိုသူကသဘောကျ‌နေခဲ့ရင်တောင်  ကိုယ့်အ‌နေဖြင့်
ထိုကောင်မလေးအတွက်စိတ်မကောင်းရုံကလွဲပြီးမတတ်နိုင်ပါ။

"မမသု ..."

ဆုဆုကအ‌တော်လေးမူးနေသည်။မမကိုလည်းအာလေးလျှာလေးနှင့်ခေါ်နေသည်။

" ဟင် အင်း။အစ်မကိုဘာပြောစရာရှိလို့လဲ"

"သမီးသူငယ်ချင်းကိုဘယ်လိုမြင်လဲ မမသု"

"ဘယ်သူ့ကိုလဲ ညီမလေးရဲ့"

"အကြင်နာ့ကိုလေ"

အကြင်နာ ဆုဆုအားစကားကြားပြီး
လန့်သွားရသည်။
ဆုဆုရဲ့စကားအသွားအလာတွေအရ မမကို ကိုယ့်အကြောင်းတွေပြောတော့မယ်ထင်ပါသည်။

"အကြင်နာ..ဟုတ်လား...သူကဘာဖြစ်လို့လဲ"

ထပ်ပြီးမေးမြန်းလာသော မမစကားကြောင့် ကျောပင်မတ်သွားမိသည်။
မမကအကြင်နာ့အားတစ်လှည့် ဆုဆုအားတစ်လှည့်ကြည့်သည်။

မမပန်းကတော့ ဘာမှဝင်မပြောဘဲနားထောင်သူသက်သက်သာ။အခြားသူများကတော့ ဘာမှမသိအောင်ပင်မူးနေကြသည်။

အကြင်နာဆုဆုအား အချိန်မီတားမှဖြစ်လိမ့်မည်။မဟုတ်က သူငယ်ချင်းကောင်းလေးက မူးမူးနှင့်အကုန်ဖော်တော့မည်ထင်သည်။

"ဆုရယ် ငါအိပ်ချင်ပြီ ..သွားအိပ်ရအောင်နော်"

"ဟင်..မအိပ်ချင်ပါဘူး..နင့်ဘာသာသွားအိပ်ပေါ့..ငါကမမသုနဲ့စကားပြောဦးမှာ"

"ငါတစ်ယောက်တည်းမအိပ်ရဲဘူးလေ..နင်လိုက်ခဲ့ပါနော်"

"အာ..မလိုက်ပါဘူး..ငါမမသုနဲ့စာရင်းရှင်းစရာရှိတယ်လို့"

ချစ်သော အကြင်နာ(Completed)Where stories live. Discover now