🍷1🍷

271 27 4
                                    

🍷💙🍷

ကွဲပီးသားဖန်ခွက်ကို ပြန်ဆတ်မရသလို၊ကွဲကြေပီးသား နှလုံးသားကလဲ ပြန်မကောင်းနိုင်ဘူးတဲ့။ဒီလိုပါပဲ၊ဘဝကြီးကချစ်လိုက်၊ကွဲလိုက်၊ပျော်ရွင်ရလိုက်၊ငိုရလိုက်နဲ့ပေါ့။တကယ့်ဘဝမာ၊ရုပ်ရှင်နဲ့ဘဝကအများကြီး ကွာခြားတာကို ကျနော်ခဗျားတို့ကိုလက်တွေ့ပြမယ်။

"Byun Baekhyun Shi"!

"အာ Sorry၊Noona ကျ​​နော်မ
ကြားလိုက်လို့၊ဘာမေးလိုက်တာလဲမသိဘူး"!

မိမိကိုအင်တာဗျူးတဲ့တယောက်အမေးကို မကြားရလောက်အောင်ထိ၊ကျနော်ပင်ပန်းပီးတအားအိပ်ချင်တာမို့အမေးအားမကြားတော့ပြန်မေးမိသည်။

"မကြာခင်Baekhyunက
J Entertainmentကနေ၊ဒီလပဲ စာချုပ်ပြည့်မာဆိုတော့စာချုပ်ကဆတ်ချုပ်မလား?တခြား Entertainmentနဲ့များလက်တွဲမလား ဖြေပေးပါရှင့်"!

"ဒါကတော့ ကျနော်လဲ မဆုံးဖြတ်ရသေးပါဘူး၊သေချာပီဆိုမှ ပြောပြပါ့မယ်"!

"အာ ဟုပါပီ၊ဒါနဲ့ Baekhyunရဲ့ အချစ်ရေးကရော ၊ဘယ်လိုအခြေအနေရှိလဲရှင့်"!

"အာ ခုထိ Singelပါပဲ"!

"ဟုကဲ့ရှင့်"!

တနေ့တနေ့ တတ်လိုက်ရတဲ့ပွဲ၊ဖြေလိုက်ရတဲ့ အင်တာဗျူး၊
ရိုက်လိုက်ရတဲ့Drama၊လူလဲ အိမ်ရောက်တာနဲ့နုံးချိနေပီ။အဝတ်အစားတို့အားချွတ်ကာ၊ရေချိုးကန်ထဲ ဝင်စိမ်နေလိုက်သည်။

"ဟူး! ခုမှပဲ လူကသက်တောင့်သပ်သာရှိတော့တယ်"!

ရေချိုးပီးတာနဲ့ အောက်ထပ်ဆင်းလာကာထမင်းစားဝိုင်းမာထိုင်တော့ အမေမတူ အဖေကွဲညီငယ်လေးက ထမင်းစားပွဲတွင်ထိုင်စောင့်နေလေသည်။မိမိလျှောက်လာသည်ကိုလဲမြင်တော့ ထရပ်ကာ ထိုင်ဖို့ခုံဆွဲပေးလေသည်။ အလိုက်သင့်ဝင်ထိုင်လိုကိရင်း ထိုင်လေဟု မေးဆတ်ပြတော့ဝင်ထိုင်လေသည်။ရှေ့ကStrawberryဖျော်ရည်သောက်ရင်း"!

"Yongbok! Daddyရော!?

မဖြေပဲ သက်ပြင်းအရှည်ကြီးချတဲ့ညီလေးကြောင့် ကျနော်သိလိုက်ပိီ။Daddy Clubရောက်နေပီဆိုတာ။

"ကိုကို ၊မနက်ဖြန် Lix ခရီးသွားရမယ်၊ကျောင်းကမဖြစ်မနေလိုက်ရမယ်တဲ့"!

🍷"ဝိုင်"🍷 Where stories live. Discover now