🍷3🍷

120 20 3
                                    

🍷-----

အတိတ်တွေကနေရုန်းထွက်နေပေမယ့်၊အတိတ်မာပဲပိတ်မိနေတဲ့အဖြစ်က တကယ်စိတ်ပျက်စရာ။မှန်ရှေ့က မိမိမျက်နှာအားကြည့်မိတော့ အပြစ်ဆိုဖွယ်ရာမရှိ။ကြည်လင်တောက်ပနေတဲ့မျက်နှာလေးက ခုလိုခက်ထန်နေတဲ့ပုံနဲ့လားလားမျှမအပ်စက်။Style listရဲ့ပြင်ဆင်မှုကောင်းတာရော၊သရုပ်ဆောင်ကောင်းမှုကြောင့်ပါ CEO Jenoရောက်လာတော့၊ခုနကခက်ထန်နေတဲ့မျက်နှာလေးက ပကတိ ဖော်ရွှေစွာ။

"Baekhyun Shi"!

"အာ---CEO" ကိစများရှိလို့လား"

"မရှိပါဘူး၊ ဒါမဲ့ Baekhyunကို
တွေ့ချင်တဲ့လူရှိလို့၊ခုဇာတ်ကားရိုက်ပီးရင်ခနလောက်ကိုယ့်ရုံးခန်းထဲလာနိုင်မလား။

"ရပါတယ် ၊ပီးတာနဲ့ ကျနော်လာခဲ့လိုက်မယ်။

အပြုံးချိုချိုလေးဖြင့်၊နှုတ်ဆတ်လိုက်ကာ၊ဒါရိုက်တာဆီသွားတော့ ဒါရိုက်တာကခုရိုက်မဲ့အခန်းထဲKissing ခန်းပါတာကြောင့်၊Baekhyunအား အားနာသလို ကြည့်လာကာ။

"အာ--Baekhyun Shi၊ခုရိုက်မဲ့အခန်းမာကKissing ခန်းပါတယ်၊အဲ့ဒါ"!

"အဟက်"၊ မနေ့က ကျနော်ဖတ်ရတဲ့အထဲ၊ အဲ့ဇာတ်ဝင်ခန်းမပါခဲ့ဘူးလေ။ပီးတော့ ကျနော်က အလုပ်ကို ပေါ့ပျက်ပျက်လုပ်တဲ့လူတွေနဲ့ အလုပ်တွဲမလုပ်ဖူး။

လက်ထဲက ဇာတ်ညွှန်းစာရွက်အား လွင့်ပစ်လိုက်ကာ လှည့်ထွက်လာလိုက်တော့ နောက်မာကျန်ခဲ့တဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာက စကားများနေကြတော့သည်။ဒါက သက်သက်မဲ့ ကျနော်ကို မလေးမစားဆက်ဆံတာ။ဒါမျိုးတွေဆို သိပ်မုန်းတာ။ လျှောက်လမ်းအတိုင်းလျှောက်ခဲ့ပီး၊CEOအခန်းရှေ့ရောက်တော့ တံခါးခေါက်ကာ ေရာက်ပီဖစ်ကြောင်း အသိပေးလိုက်သည်။

"ဒေါက် ဒေါက်"!

"ဝင်ခဲ့ပါ"

အထဲဝင်တော့ မိမိဘက်အားကျောပေးထိုင်​နေတဲ့လူ။CEOကတော့ မိမိအား ပြုံးပြကာ Sofaမာထိုင်ရန် မျက်လုံးအမူအယာဖြင့်ပြတော့ ထိုလူရှေ့ဝင်ထိုင်ကာ၊မိမိရှေ့ကလူအားမော့အကြည့်၊ထိုလူကတော့ စောထဲက ကျနော်ကိုကြည့်နေပုံရသည်။
ကျနော်အား မထူးဆန်းသလိုကြည့်နေကာ၊ပါးချိုင့်များ ခွက်ဝင်သည်အထိ ပြုံး ကာ ၊မိမိရှေ့လက်ကမ်းလာသည်။

🍷"ဝိုင်"🍷 Where stories live. Discover now