🍷💛🍷
လွန်ခဲ့သော 5နှစ်ခန့်🍷🍷
"မေမေရေ၊Bokie မနိုးသေးဘူးလား၊ကျောင်းကိုအတူတခါတည်းခေါ်သွားမလို့"!
မီးဖိုခန်းမာ ကျနော်တို့အတွက်ချက်ပြုတ်နေတဲ့ မေမေကပြေးထွက်လာကာ တိုးတိုးနေဖို့ ပါးစပ်နားလက်ညိုးဖြင့်အသံတိတ်ဖို့လုပ်ပြတာမို့ ခေါင်းညိတ်မိလိုက်သည်။
"သားငယ်က မထသေးဘူး၊သားကြီးပဲ ညီလေးကိုသွားနှိုးပီးကျောင်းသွားဖို့ပြင်ပေးလိုက်အုံး"!
"ဟုတ်"!
အိပ်ခန်းတံခါးလေးအားဖွင့်ရင်း ကုတင်ပေါ်စောင်နဲ့လုံးထွေးအိပ်နေတဲ့ Bokieလေးအားနှိုးဖို့ ကုတင်နားကပ်သွားလိုက်ရင်း စောင်အားဆွဲလှန်လိုက်သည်။
"ဟင်"! Bok ! "Bokie"!
ဖြူနုလှတဲ့ မျက်နှာလေးထက်တွင် ဒဏ်ရာအနည်းငယ်နှင့်၊ညာ ဘက်နခမ်းထောင့်နားကသွေးစို့နေလေသည်။စိုးရိမ်စိတ်နဲ့အတူ ဒေါသကြောင့် အိပ်နေတဲ့ Bokieလက်အားဆောင့်ဆွဲလိုက်တော့ အိပ်မှုန်စုတ်ဖွားဖြင့်ထလာတဲ့ညီငယ်။
"အာ ကိုကို၊ ဘယ်လိုလုပ်ကျနော့်အခန်းထဲရောက်"!
"ဒါက ဘယ်ကရလာတဲ့ဒဏ်ရာလဲ၊ဖြေစမ်း Byun Yongbok"!
"အဲ့ဒါက အရေးမကြီးပါဘူး၊ကိုကိုကလဲ ဒီအတိုင်း"!
"ဘာကို ဒီအတိုင်းလဲ၊ဟမ် မင်းကိုကျောင်းထားပေးတာ ရန်ဖြစ်ဖို့မဟုဘူးနော်၊စာကောင်းကောင်းလုပ်ဖို့"!
"ဟဲ့"!မနက်စောစောစီးစီး၊ ဘာတွေဆူညံနေတာလဲ ဒီညီအကိုတွေ!!
"ညီငယ် ဒဏ်ရာတွေက ဘယ်ကနေရတာလဲ၊မေမေကရော သူ့ကို ဒီတိုင်းလွှတ်ပေးထားတာလား?မင်း ခုထစမ်း Yongbok"!
မိမိအော်ပြောသံကြောင့် ကုတင်ပေါ်ထိုင်နေရာကနေ ဆတ်ခနဲထလာတဲ့ညီငယ်။ဗိုက်ကိုပါ လက်တဖက်နဲ့ဖိထားတဲ့ ညီငယ်က ဗိုက်မာလဲ အနာတရဖစ်နေပုံပင်။
"ငါ ရိုက်ထားတာ!သောက်ချိုးမပြေလို့"!
"ဘာ"!
မေမေနောက်ပါးဆီက ထွက်လာတဲ့လူရဲ့အသံကြောင့် Baekhyunလက်သီး ကျစ်ကျစ်ပါအောင်ဆုပ်ထားမိလိုက်သည်။ဒီလူကြောင့်သာ ကျနော်အိမ်မှာမနေပဲ ဆောဒုံရပ်ကွက်က တိုက်ခန်းသေးသေးလေးတွင်ငှားနေကာ လစဥ်အချိန်ပိုင်းအလုပ်လုပ်ရင်း အိမ်ကိုထောက်ပံ့နေလိုက်သည်။အလုပ်ပိတ်ရက်တိုင်းBokieနဲ့မေမေဆီလာကာ တနေ့လုံး အဖော်လုပ်ပေးဖစ်သည်။ထိုလူအား စူးစူးရဲရဲ စိုက်ကြည့်ကာ မိမိနောက်မာရပ်နေတဲ့
ညီငယ်လက်အား ၊ဆုပ်ကိုင်ပီးမေမေနဲ့ထိုလူကိုကြည့်ကာ။