Episode 6 ✓ Warning ∆

3.5K 134 69
                                    

Unicode ✅

-THAT MAN-

အတန်းထဲကသူတွေရဲ့ တိုးတိုးစကားသံတွေကြောင့်  သူစာလုပ်ရာကနေ အခန်းထဲသို့ ဝေ့ကြည့်မိသည်။ နောက်တော့ မိန်းကလေး အများစုဟာ အခန်းအပြင်ဘက်သို့ ကြည့်နေရင်း စကားတွေများနေကြတာမို့ သူလည်း မိန်းကလေးတွေ ဝိုင်းကြည့်နေရာ အပြင်ဘက်သို့ အကြည့်ပို့လိုက်မိတော့ မထင်ထားသည့် မြင်ကွင်းအား မြင်လိုက်ရလေ၏။

ဤသည်မှာ အခန်း၏ အပြင်ဘက်၌ သူတို့၏ ကျောင်းအုပ်နှင့် စကားပြောနေသည့် လူသုံးယောက်အား တွေ့လိုက်ရလေသည်။ ထို‌သုံးယောက်၌ တစ်ယောက်မှာ Ren Senpai ဖြစ်နေတာကြောင့် သူ့ရင်တွေခုန်လာသည်။

Ren Senpai ကသူ့ကို ကျောင်းမှာ နေ့တိုင်လာတွေ့တတ်ပေမဲ့ အခုလို ကျောင်းခန်းထဲထိ ရောက်လာတာမျိုးတော့ တစ်ခါမှမမြင်ဖူးပေ။ ဒါကြောင့် သူစိတ်ဝင်စားသလို ကြည့်နေတုန်းမှာပဲ သူ့အားလှမ်းကြည့်လာသည့် Ren Senpai နှင့်အကြည့်ချင်းဆုံလေ၏။

Ren တစ်‌ယောက် အခန်းထဲက Kane အား လှမ်းပြုံးပြကာ မျက်စိတစ်ဖက်မှိတ်ပြလာတာမို့ Kane အခန်းထဲ ဆူညံသံတွေ ထွက်ပေါ်လာသည်။ မိန်းကလေးတချို့မှာလည်း Kane အား စနောက်လာတာမို့ Kane မှာ ရှက်ရှက်နှင့် စာပွဲခုံပေါ်သို့ ခေါင်းငုံ့ချကာ အရှက်သည်းနေတော့၏။

ခဏ‌ကြာတော့ အတန်းချိန်လည်း ပြီးပြီမို့ ‌နေ့‌လည်ထမင်းစားဆင်းချိန် ရောက်လို့လာလေပြီ။ ဒါကြောင့် အားလုံး အခန်းထဲက ထွက်သွားကြပေမဲ့ Kane ကတော့ စာပွဲခုံပေါ်ကနေ မျက်နှာမခွာသေးပေ။

“ရှက်နေ‌ရင် ကိုယ့်ရင်ခွင်ငှားပေးမယ်လေ ပုန်းနေမလား”

Kane အခန်းထဲ တစ်ယောက်တည်း ‌ကျန်ခဲ့တုန်း ကြားလိုက်ရတဲ့ စကားသံကြောင့် ခေါင်းအား မော့ကြည့်လိုက်တော့ စာပွဲခုံထက် လက်ထောက်ကာ သူ့အား ငုံ့ကြည့်နေသည့် Ren နှင့် အကြည့်ချင်းဆုံသွားလေရဲ့။

“Ren Senpai”

“ကျောင်းဆင်းသွားတာကို ဘာလို့ အခန်းထဲကနေ ထွက်မလာတာလဲ ကိုယ်ကတော့ မင်းနဲ့ ထမင်းအတူတူစားဖို့ စောင့်နေတာ”

“အဲ့ဒါက...သူတို့က ဝိုင်းစနေတာကိုး...”

ခပ်တိုးတိုးပြန်ဖြေလာတဲ့ Kane စကားကြောင့် Ren ကခပ်ဟဟရယ်လေရဲ့။

-THAT MAN- [Complete]Where stories live. Discover now