Episode 10 ✓

688 89 35
                                    

Unicode ✅

-THAT MAN-

“ဂျီမင် မင်းအတွက်”

လက်ထဲကကမ်းပေးလာတဲ့ ကော်ဖီခွက်ကိုယူလိုက်ပြီး ဂျီမင် မျက်လုံးတွေမှာ ဘေးပတ်ဝန်းကျင်အာ အကဲခတ်သလို လိုက်ကြည့်နေလေရဲ့။ စုံထောက် ဆိုတဲ့အတိုင်း ဂျီမင် မျက်ဝန်းတွေမှာ နေရာလတ်မကျန် အကဲခတ်နေပုံများ မသိရင် သူတို့နှစ်ဦး အမှုစစ်သည့် နေရာသို့ ရောက်နေသလိုပါပင်။

“ဒါက အတွဲတွေ ချိန်းတွေ့ကြတဲ့ သာမန် ပန်းခြံပါပဲ မင်းအဲ့ဒီလောက်ထိ လိုက်စစ်နေဖို့ မလိုဘူး ဂျီမင်”

သူ့အား မကြည်သလို ကြည့်လာပြီး ဆိုလာတဲ့ Suga  စကားကြောင့် ဂျီမင် ဘေးပတ်ဝန်ကျင်ကို စိုက်မကြည့်တော့ဘဲ သူ့ဘေးမှာထိုင်နေသည့် Suga ကိုသာ စိုက်ကြည့်လာလေရဲ့။

“ဘာလို့ ကိုယ့်မျက်နှာကို လာကြည့်နေတာလဲ”

Suga ကြည့်ရသည်မှာ ဂျီမင် သူ့အား စိုက်ကြည့်နေသည်ကို ရှက်နေတဲ့ပုံပါပင်။

“ကျွန်တော် ကောင်လေးကို ကျွန်တော် ဒီလိုတောင် ကြည့်ခွင့်မရှိဘူးလား လူကြီးမင်း”

“ဂျီမင်ကကွာ”

အတည်ကြီး ရှက်သွားဟန်။ ဘာစကားမှ မဆိုတော့ဘဲ တစ်ဖက်ကို အကြည့်လွှဲသွားသည့် Suga ပါလေ။

“လူကြီးမင်း”

“ကိုယ့်ကို အဲ့ဒီလိုပဲ ခေါ်တော့မှာလား ဂျီမင်”

“ဒါဆို ကျွန်တော်က ဘယ်လိုခေါ်ရမှာလဲ ချစ်သူတွေက ဘယ်လိုတွေ ခေါ်ကြလဲ လူကြီးမင်း သိလား ကျွန်တော် ကြားဖူးတာတော့ ကိုကို...မောင်...ဒါလင်...အချစ်...အင်း အဲ့ဒီလိုတွေ မဟုတ်လား”

သူကသာ စကားတွေဆိုနေပေမဲ့ သူ့အား မျက်နှာရဲရဲနှင့် စိုက်ကြည့်နေသည့် Suga မျက်ဝန်းတွေကြောင့် ဂျီမင်ခင်မျာ ဘာစကားမှ ဆက်မဆိုရဲတော့ပေ။ သူသည်လည်း ကြောင်တောင်တောင်လေးနှင့် Suga အား ပြန်စိုက်ကြည့်မိတော့ Suga ဟာ ဘာကြောင့်မှန်းမသိ သူ့မျက်နှာအနား တိုးကပ်လာလေ၏။

“မင်းကတော့ ဒီတိုင်း ပြောလိုက်တာပဲ ကိုယ်ကတော့ ကိုယ့်ကို ခေါ်လိုက်သလိုပဲ”

-THAT MAN- [Complete]Where stories live. Discover now