Episode 7 ✓

1.4K 107 34
                                    

Unicode ✅

-That Man-

မနက်စာ အတူတူစားနေရင်း ဖုန်းအား အကြည့်မပျက်ဖြစ်နေသည့် ဂျီမင်အား Suga သတိထားမိပေမဲ့ ဘာတစ်ခွန်းမှ မေးခွန်းမထုတ်ချေ။ သူ့အနေနဲ့ ဘယ်သူနဲ့ ပြောနေလဲ ဆိုပြီး မေးလိုက်လို့ရပေမဲ့ သူ့မေးခွန်းကြောင့် ဂျီမင် အနေကျပ်သွားမှာကိုလည်း သူမလိုလားပေ။ ဒါကြောင့် မနက်စာကိုသာ ငြိမ်ငြိမ်ကလေး ထိုင်စားရင်း ဂျီမင်အား မကြာမကြာ ခိုးကြည့်လေ၏။

“လူကြီးမင်း”

ခိုးကြည့်နေရင်း ရုတ်တရက် ခေါ်လာတဲ့ ဂျီမင်ကြောင့် Suga မှာ သူခိုးလူမိသွားဟန် ခေါင်းကို အောက်သို့ ငုံ့သွားကာ ပြန်ထူးလေရဲ့။

“ကိုယ် နားထောင်နေတယ်”

“မိန်းကလေးတွေက ဘာကြိုက်တတ်လဲ”

အလေးအနက်ထား မေးလာသည့် အကြောင်းအရာမှာ မိန်းကလေးတွေ ကြိုက်တတ်သည့်အရာတဲ့။ ဘာကြောင့်များ ဂျီမင်ဟာ မိန်းကလေးတွေနဲ့ ပတ်သတ်တဲ့ မေးခွန်းမျိုး မေးလာရသလဲ Suga မသိချေ။

“ကိုယ် ဘယ်သိမလဲ”

Suga ဘက်က ပြတ်ပြတ်သားသား ပြန်ဖြေလေတော့ ဂျီမင် မျက်နှာမှာ အလိုမကျဟန် ဆူပုတ်သွားလေရဲ့။

“သိတဲ့သူဆီ မေးရမယ်”

ထပ်ပြီး အထွန့်တက်နေတဲ့ ဂျီမင်ကြောင့် Suga စိတ်အချဉ်ဖောက်လေပြီ။ ‌ဒါကြောင့် စိတ်မကြည်တော့ဟန် မေးခွန်းထုတ်ဖို့ ပြင်နေတုန်း ဝင်လာတဲ့ ဖုန်းသံကြောင့် Suga အာရုံဟာ လက်ထဲက ဖုန်းဆီရောက်သွားလေရဲ့။

“အေး ပြော”

“ငါ့ကောင် အသံကြီးကလည်း ဘာဖြစ်နေတာလဲ”

တစ်ဖက်က စိတ်ပူဟန် မေးလာတဲ့ Ren ကြောင့် Suga ဟာ သူ့ကိုယ်သူပြန်ထိန်းရင်း ။

“မဖြစ်ပါဘူး မင်းဘာပြောမလို့လဲ”

“ငါ့ကလေးက စာမေးပွဲပြီးသွားလို့ ဒီနေ့ ပိတ်ရက်ကို ရေသွားကူးမယ် ပူဆာနေတာ အဲ့ဒါ မင်းတို့ကိုပါ လိုက်ခဲ့ဖို့ပြောနေလို့”

Ren အပြာကြောင့် Suga တစ်ယောက် ဂျီမင်ကို စိုက်ကြည့်လေသည်။ ဂျီမင်ကလည်း ဘာလဲဟူသည့် ဟန်နှင့် မေးငေါ့ပြလေရဲ့။

-THAT MAN- [Complete]Where stories live. Discover now