Episode 11 ✓ [Warning]

1.2K 86 12
                                    

Unicode ✅

-THAT MAN-

ရုတ်တရက်ကြီး သူ့အား ကားထဲကနေ ဆွဲထုတ်ကာ ကားနောက်ခန်းဆီ တွန်းထည့်လိုက်သည့် လူကြီးမင်း။

သူလန့်ကာ နောက်သို့ ‌ဆုတ်လိုက်မိတော့ လူကြီးမင်းဟာလည်း ကားနောက်ခန်းထဲသို့ ဝင်လာပြီး သူ့အနားသို့ကပ်လာလေ၏။

“လူ..လူကြီးမင်း”

သူခပ်တိုးတိုး ခေါ်လိုက်မိပေမဲ့ သူထင်ထားသလို သူ့အား တစ်ခုခု လုပ်လာတာမျိုး မရှိဘဲ သူရင်ဘက်ထက် မျက်နှာအပ်ထားကာ သူ့ခါးတွေအား ခပ်တင်းတင်းဖက်ထားရင်း ငြိမ်နေလေရဲ့။

သူလည်း ဘာလုပ်ရမှန်း မသိတာကြောင့် ငြိမ်ငြိမ်ကလေးသာ ထိုင်နေမိလေသည်။ ထို့နောက်။ သိပ်မကြာခင်မှာဘဲ လူကြီးမင်းဆီက စကားသံတိုးတိုး ထွက်ကျလာလေ၏။

“ကိုယ်...ကိုယ်ဘာလုပ်ရမလဲ ဂျီမင် မင်းကိုမြင်နေရရုံတင် ကိုယ့်လောဘစိတ်တွေက ထိန်းလို့မနိုင်ခဲ့ဘူး မင်းအမြင်မှာ ကိုယ်က အခွင့်အရေး ယူတတ်တဲ့သူမျိုး ဖြစ်နေပြီလား ကိုယ့်ဂျီမင် ဟင်...”

လူကြီးမင်း မေးခွန်းတွေအား သူဘာပြန်ဖြေရမလဲ မသိချေ။ အခုချိန်မှာ လူကြီးမင်း၏ ခံစားချက်တွေ‌ကို သူနားလည်သလို သူသည်လည်း လူကြီးမင်းနှင့် ထပ်တူ ခံစားနေရသည် မဟုတ်လား။ ဒီအချက်နဲ့တင် သူလူကြီးမင်းအား အထင်လွဲစရာ အကြောင်း မရှိပါပင်။

ကိုယ်ချစ်လို့ မြတ်နိုးလို့ လက်တွဲထားသည့် သူ၏ ချစ်သူကောင်လေးအား သူဘာကြောင့်နဲ့မှ  အထင်မြင်လွဲစရာ မလိုပါပေ။

“လူကြီးမင်း ကျွန်တော်ကိုကြည့်”

လူကြီးမင်း၏ မျက်နှာအား ဆွဲယူကာ အကြည့်ချင်းဆုံစေတော့ တိမ်မဲတွေလို မသာမယာ ဖြစ်နေသည့် လူကြီးမင်း၏ မျက်ဝန်းတွေအား သူမနှစ်မြို့ပါပင်။

ဒါကြောင့် လူကြီးမင်း၏ ပါးပြင်တွေအား အသာယာကိုင်ကာ လူကြီးမင်း၏ နှုတ်ခမ်းပါးတွေအား ခပ်ဖွဖွဖိကပ်နမ်းထားမိလိုက်သည်။

သူ့လုပ်ရက်ကြောင့် လူကြီးမင်းဟာ ဘယ်လောက်တောင် စိတ်လှုပ်ရှားသွားသလဲ မသိအောင်ပင် တော်တော်ကြာမှ သူ့အနမ်းတွေအား တုံ့ပြန်လေ၏။

-THAT MAN- [Complete]Where stories live. Discover now