Unicode
မိုးထစ်ချုန်းရွာနေတဲ့ ကောင်းကင်ပြင်နဲ့ ပြန်ကောက်စရာမရှိတော့လောက်အောင်ကို ကွဲကြေနေခဲ့တဲ့ အသည်းနှလုံးတစ်ခု။
တဝီဝီမြည်နေတဲ့ ကားတွေ ရထားတွေရဲ့ အသံတွေကြားထဲ သူ ဆောင့်ကြောင့်ပဲ ထိုင်ချလိုက်မိတယ်။
"လီမင်ဟို!"
ပြန်မထူးနိုင်တော့တဲ့ လူတစ်ယောက်ရဲ့ နာမည်ကိုပဲ အကြိမ်ကြိမ်အခါအခါအော်ခေါ်နေမိတယ်။ အကယ်၍များ သူသာ ဒီထက်စောစောရောက်လာမိခဲ့ရင်။ အကယ်၍များ သူသာ မင်ဟို့အလိုကို လိုက်ပေးဖြစ်ခဲ့ရင်။ အကယ်၍များ သူသာ မင်ဟို့အနားမှာ အစကတည်းက မရှိခဲ့ဘူးဆိုရင်...ဒီလိုတွေ ဖြစ်လာမှာမှ မဟုတ်ပဲ။
အကယ်၍များ ပြင်ဆင်ခွင့်ရှိခဲ့မယ်ဆိုရင်...
"ကျေးဇူးပြုပြီး သူ့ကိုသာ ပြန်ပေးပါ။ ကျွန်တော် ဘာမဆိုပေးဆပ်ပါ့မယ်"
_____________________________
မျက်လုံးအစုံကို ဖြတ်ခနဲ ဖွင့်လိုက်တော့ သူ့ရှေ့မှာ မြင်နေရတာက သိပ်ကိုခမ်းနားတဲ့ ကုတင်ကြီးတစ်လုံး။ ဘေးပတ်ပတ်လည်ကို လှည့်ကြည့်မိတော့လည်း သူဋ္ဌေးအဆောင်အယောင်တွေချည်းနဲ့ ပြည့်နှက်နေတဲ့ အခန်းတစ်ခန်းဖြစ်လို့နေတယ်။"ဘာတွေဖြစ်ကုန်တာလဲ။ ငါ မနေ့ညက စားသောက်ဆိုင်ရဲ့ အရှေ့မှာပဲ ရှိနေခဲ့တာလေ။ ဘယ်လိုလုပ် ဒီနေရာကို ရောက်နေတာလဲ"
တဆစ်ဆစ်ထိုးကိုက်နေတဲ့ ခေါင်းကို လက်နှစ်ချောင်းနဲ့နှိပ်ရင်း အခန်းအပြင်ကို ထွက်ကြည့်ဖို့ပြင်လိုက်တယ်။
အိပ်ခန်းတံခါးကို ဆွဲဖွင့်လိုက်တဲ့အချိန်မှာပဲ အပြင်ဘက်မှာ ရပ်နေတဲ့ တစ်စုံတစ်ယောက်က သူ့ကို မျက်ရည်ဝိုင်းသွားစေတယ်လေ။
"လီ...လီနိုး"
"အင်း...နိုးပြီလား ကလေး"
"အစ်ကို မသေဘူးနော်"
ဝမ်းသာအားရနဲ့ သူ့ရှေ့က ကိုယ်နွေးနွေးကို တဝကြီးပွေ့ပိုက်လို့ ကလေးတစ်ယောက်နှယ် အော်ငိုနေတော့တယ်။
"ဟျွန်းဂျင်း...ဘာ ဘာဖြစ်လို့လဲ။ အစ်ကို သေတယ်ဆိုပြီး အိပ်မက်ဆိုးမက်လို့လား"
YOU ARE READING
Take Me HOME
FanfictionOne shot Fiction for my special person Just a birthday gift ~ [Hyunho Fiction] If you don't like it, just skip it! Warning - if you don't like Hyunho as a couple, don't read this fiction ~ Thank you! I do not own this fic cover photo crd to original...