Take Me HOME [Part 2] U

128 15 13
                                    

Unicode

'အိမ်' ဆိုတဲ့ အသုံးအနှုန်းလေးက ရိုးရှင်းသလောက် သိပ်ကို နွေးထွေးလွန်းတယ်။

လူမှန်းသိတတ်စအရွယ်ကတည်းက သူဟာ သူ့ဘဝသူ ထိန်းကြောင်းခဲ့ရတာဖြစ်တယ်။ မင်ဟိုကတော့ အမြဲပြောလေ့ရှိပါတယ်။ ဟျွန်းဂျင်းဆိုတဲ့ ကလေးငယ်က အရွယ်နဲ့မလိုက်အောင် သိပ်ကိုရင့်ကျက်တာတဲ့။

တကယ်တမ်းကျ ဟွမ်ဟျွန်းဂျင်းမှာ လီနိုးသာမရှိခဲ့ရင် အားနည်းတဲ့ ကလေးတစ်ယောက်ကလွဲပြီး ဘာမှဟုတ်ခဲ့မှာမဟုတ်ဘူး။

"အီလီနိုး!"

သိပ်ကိုနှိပ်စက်လွန်းတဲ့ အိပ်မက်ဆိုးကနေ နိုးထလာပြီးတဲ့နောက် ချွေးတွေချွဲနေတဲ့ နဖူးပြင်တစ်လျှောက်ကို အင်္ကျီလက်နဲ့ ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်တယ်။ အရာအားလုံးပြောင်းလဲသွားခဲ့ပြီးတာတောင် ဘာလို့များ ဒီအဖြစ်အပျက်တွေထဲက ရုန်းမထွက်နိုင်ရသေးတာလဲ။ အခုဆိုရင် သူသိပ်ချစ်ရတဲ့သူဟာလည်း သူ့အနားမှာ ဘေးကင်းကင်းနဲ့ အတူရှိနေပြီလေ။ ဘာလို့များ...ဘာလို့များ အတိတ်တွေထဲကနေ မလွတ်မြောက်နိုင်ရသေးတာလဲ။

"ဟွမ်ဟျွန်းဂျင်း!"

အခန်းတံခါးတောင် ခေါက်မနေပဲ ပြာပြာသလဲ ပြေးဝင်လာတဲ့သူက သူ့ရဲ့ မွေးစားအစ်ကို။

"ဟျွန်းဂျင်း ဘာ...ဘာဖြစ်လို့လဲ။ အစ်ကို့ကို အော်ခေါ်တာကြားလိုက်လို့"

ဆက်ဆံရေးတွေသာ ပြောင်းလဲသွားတာပါ။ လီမင်ဟိုက သူ့ကို အရင်ကအတိုင်း အထိအခိုက်ကို မခံနိုင်တာပဲ။ မျက်ရည်ဝိုင်းနေတဲ့ မျက်နှာချောချောက ချက်ချင်းဆိုသလို ပြုံးလို့သွားပြီး သူ့ရှေ့ကလူကို ခပ်တင်းတင်းသာ ပွေ့ဖက်လိုက်တယ်။

"ဒီတိုင်း အိပ်မက်ဆိုးတစ်ခုပါပဲ။ ကျွန်တော့်ဘဝကို ဘာမှမပြောင်းလဲနိုင်ပါဘူး။ ကျွန်တော့်မှာ အစ်ကို ရှိနေရင်ရပြီ။ ဒီတိုင်းလေး ကျွန်တော့်အနား အစ်ကိုရှိနေရင်ရပြီ"

ရုတ်ချည်းဆိုသလို လှုပ်ခတ်လာတဲ့ နှလုံးသားကြောင့် မင်ဟိုတစ်ယောက် နေရခက်လာတယ်။ ဘာကိုလိုချင်မှန်းမသိလောက်အောင် ဟျွန်းဂျင်းရဲ့ ကိုယ်သင်းနံ့လေးက သိပ်ကိုမွှေးလွန်းနေတယ်။ တင်းတင်းကြပ်ကြပ် ပွေ့ပိုက်ထားတဲ့ လက်မောင်းတစ်စုံက ဘယ်သောအခါမှ လက်မလွှတ်ချင်လောက်အောင်ကို စွဲလန်းစေတယ်။

Take Me HOME Tempat cerita menjadi hidup. Temukan sekarang