Take me HOME [Part 3] Z

16 1 0
                                    

လောကကြီးတစ်ခုလုံး တုန်လှုပ်သွားသလိုပါပဲ။
ဆောက်တည်ရာမရတဲ့ ခံစားချက်က ဟျွန်းဂျင်းရဲ့ ဦးနှောက်ထဲ ပြေးလွှားနေခဲ့တယ်။

တကယ်တမ်းဆို သူ့အစ်ကိုအတွက် သူ ဝမ်းသာပေးသင့်ပါတယ်လေ။ ဒါပေမယ့် အခုတော့ သူဟာ အင်မတန်ကို ယို့ယွင်းနေခဲ့ပြီ။ သူ့အတွက် မင်ဟိုက အစ်ကိုတစ်ယောက်ဆိုတာထက် အများကြီး ပိုလာခဲ့ပြီ။

ဟျွန်းဂျင်း အိနြေ္ဒမဆယ်နိုင်စွာပဲ ထိုမိန်းကလေးအား ပြန်ပင်မနှုတ်ဆက်မိ။ အိမ်ထဲသာ ပြေးဝင်သွားခဲ့ပြီဖြစ်တယ်။

"နင် မနက်ဖြန်ကျရင် အားလား"

"အင်း...ညနေ‌စောင်းဆိုရင်တော့ အားပါပြီ။ ဘာဖြစ်လို့လဲ"

"ငါနဲ့အတူ ညစာ သွားစားကြရအောင်လေ။ နင် အဆင်ပြေတယ်ဆိုရင်ပေါ့"

"ငါက ပြေပါတယ်"

"အဲတာဆို ငါသွားတော့မယ်နော်။ ဖုန်းဆက်လိုက်မယ်"

"ခဏ။ နင်က အဲတာလေးပြောဖို့ တကူးတကရောက်လာခဲ့တာလား"

"အင်းလေ။ ငါ အိမ်မှာ ပျင်းနေလို့ ဒီတိုင်းထွက်လာတာ။ အခုတော့ ငါ သွားတော့မယ်နော်။ ကောင်လေးတွေနဲ့ ချိန်းထားလို့"

တဟီးဟီးရယ်လို့ ထွက်ခွာသွားတဲ့ မိန်းကလေးရဲ့ ကျောပြင်ကို ကြည့်လို့ မင်ဟို သက်ပြင်းချမိပါတယ်။ သူလည်း တစ်ခါတလေလောက်ဖြစ်ဖြစ် အဲသည့်မိန်းကလေးလိုမျိုး လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေချင်မိပါရဲ့။ သွေးသားအဖြစ် တော်စပ်ရတော့မယ့် ကလေးငယ်က ဘာဖြစ်လို့များ သူ့ခံစားချက်တွေကို ကစားနေရတာလဲ။

တစ်ဖက်တွင်လည်း လှေကားရင်းလေး၌ ရပ်ရင်း အတွေးလွန်နေတဲ့ ကောင်လေးတစ်ယောက် ရှိနေခဲ့တယ်။ ဟွမ်ဟျွန်းဂျင်း သူတို့နှစ်ယောက်ပြောနေတဲ့စကားတွေကို အကုန်လုံးနီးပါး ခပ်သဲ့သဲ့ကြားခဲ့ရပါတယ်။

စေ့စပ်ထားတဲ့ မိန်းကလေးနဲ့ ညစာအတူသွားစားမယ်ဆိုတာထက် အကယ်၍များ မင်ဟို့ကို နောက်တစ်ခါဆုံးရှုံးလိုက်ရရင်ဆိုတဲ့ အတွေးက ဟျွန်းဂျင်းရဲ့ တကိုယ်လုံးကို မရပ်တည်နိုင်အောင်ပင် နှိပ်စက်နေလေရဲ့။ မင်ဟို အိမ်ထဲ ဝင်လာတာကို မြင်တော့ လှေကားရဲ့ အကွယ်လေးထဲ ဝင်ပုန်းလို့ တိတ်တဆိတ်ဝမ်းနည်းနေခဲ့ရတယ်။

Take Me HOME Where stories live. Discover now