Part-1

318 29 4
                                    

မနက်ခင်းမှာ အလုပ်သွားဖို့ပြင်နေသူ
ကင်မ်ဂျောင်ဟန်မှ

" သား ဆော့ဂျင်ရေ ကျောင်းသွား ရအောင်လေ ဖေဖေ တစ်ခါတည်း ၀င်ပို့ပေးမယ်"

"ရတယ်ဖေဖေ သားဘာသာ သွားလိုက်ပ့မယ် "

" အေးအေး ဂရုစိုက်သွားနော် အဆိုဖေဖေ အလုပ်သွားပြီနော် သား"

" ဟုတ် ဖေဖေ "

ဆော့ဂျင်လည်း သူ့ဖေကိုနှုတ်ဆက်ပြီးမကြာ စက်ဘီလေးကိုစီးရင်း အေးအေးဆေးဆေး ကျောင်းကို ထွက်လာခဲ့သည်တွေးရင်း ငေးရင်းပေါ့~~~

ကျောင်းအတွင်း အ၀င်စလေး ရောက်တော့...

ဒုတ်!

အ့!

" မင်းလူတစ်ယောက်လုံး လာတာမမြင်ဘူးလား စက်ဘီးနဲ့၀င်တိုက်ရလား!! "

" ဟို တောင်းပန်ပါတယ် ကျွန်တော် ဘေးဘက်က သစ်ပင်တွေကို ငေးရင်း ဖြစ်သွားတာပါ ။ "

စကားပြန်ပြောလာသူအားကြည့်မိတော့ သူငေးခနဲ ဖြစ်သွားသည် စောနက စက်ဘီးနဲ့တိုက်မိတာ မို့ ကိုယ့် ကိုယ်ကို အရင် ဂရုစိုက်နေလို့ မမြင်မိ စကားပြောမှ မော့ကြည့်မိတော့

ချစ်စရာလေးဘဲ
(စိတ်ထဲကနေ ပြောလိုက်ခြင်းပင်)

" အဟမ်း ရပါတယ် "

" တကယ်ရတာလား ဘယ်နား နာသွားသေးလဲ ကျွန်တော် တကယ်တောင်းပန်ပါတယ် မမြင်တာကျွန်တော့အမှားပါ "

" တကယ် ရပါတယ်ဆို ဘာမှမဖြစ်ဘူး ခြေထောက်လေးနည်းနည်းနာသွားရုံဘဲ "

" ဆေးခန်းသွားပြမလားဟင် ကျောင်းတက်ဖို့လိုအုံးမယ်ထင်တယ် "

" တအားမနာတာမလို့ မသွားတော့ဘူး ဒါပေမဲ့ ကျွန်တော့ကို ထူပေးပါအုံး "

" ဟုတ်...ဟုတ် "

ဟို.....

ဟုတ်

" ဘယ် အတန်းကလဲ ဆိုတာသိချင်တယ် "

" ဗျာ "

" ဘယ်အတန်းကလဲလို့မေးတာ.. "

" ကျွန်တော် တက္ကသိုလ် နောက်ဆုံးနှစ်ဗျ "

" မင်းတကယ်ပြောနေတာလား "

" ဟုတ်တယ်ဗျ "

နုဖက်နေတာဘဲ (စိတ်ထဲကနေပြောလိုက်ခြင်း)

" ကျွန်တော့ထက် နှစ် နှစ်တောင်ကြီးတာဘဲ ကျွန်တော်က အခုမှတက္ကသိုလ်ဒုတိယနှစ်ဘဲရှိသေးတာ "

" အာ...ဟုတ် "

" ဟိုလေ ဒါဆို သွားတော့မယ်နော် ကျောင်းခန်းထဲ၀င်ရအုံး တော့မာ မို့ "

သူလည်းခေါင်းငြိမ့်ပြလိုက်သည် ဆော့ဂျင်ထွက်သွားတာ မျက်စိတစ်ဆုံးငေးပြီးမှ

" ဟာ မဟုတ် ဟိတ် နေအုံး နေအုံးလေ "

နာမည်မေးဖို့တောင်မေ့သွားပြီ ထားပါလေ သူ့တန်းသိနေတာဘဲ ကျွန်တော်တော့ ခင်ဗျားကိုစိတ်၀င်စားသွားပြီ ။
_________________________________________

" ဟိတ်ကောင် ဂျွန်ဂျောင်ဂု မင်းမျက်နှာ ပြုံးဖြီးဖြီးနဲ့ပါလား "

သူအတန်းထဲ၀င်လာတော့ သူငယ်ချင်းဖြစ်သူ
ကင်မ်ထယ်ယောင်းမှ ပြောလိုက်ခြင်းပင်

" ပြုံးဆို ငါပျော်လာလို့ပေါ့ကွာ အဟင်း~~~ "

ဂျောင်ဂု သူ့ဘာသာပြောပြီး တစ်ချက် ရယ်လိုက်သည်။

" မင်းဘာဇယားတွေလုပ်လာပြန်ပြီလဲကွာ တကယ်မချစ်ဘဲ သွားမရှုပ်ပါနဲ့လား "

{ ဟုတ်တယ် ကျွန်တော်ဂျွန်ဂျောင်ဂုက စိတ်၀င်စားရင် တွဲဖြစ်အောင် တွဲတက်တဲ့ အကျင့်ဆိုးပိစိလေးရှိတယ် ။

ဒါပေမဲ့ ကျွန်တော် အတင်းအကျပ်ကြီး မလုပ်ပါဘူး သူတို့ဘက်က ကိုက ကျွန်တော့ကို စိတ်၀င်စားနေကြတာမို့ မခက်ခဲပါဘူး ဘာလို့ဆို ကျွန်တော်က ချောတာကိုး }

" ဟိတ်ကောင်ငါပြောတာ ကြားလား တွေးမနေနဲ့
ဒါနဲ့ပြောပါအုံး ဘယ်အတန်းက ကောင်မလေးလဲ ? "

ထယ်‌ယောင်းမေးတော့ ဂျောင်ဂုက.....

" ဒီတစ်ခါ ကောင်မလေးမဟုတ်ဘူး ကောင်လေး အဟင်း "

ထယ်ယောင်းခမျာ အံ့ဩပြီး ထပ်တောင်မမေးနိုင်တော့

ခင်ဗျားလေးရေ ကျွန်တော်ထပ်လာရှာအုံးမှာ မို့ စောင့်နေပေတော့ ။       ။

___________________________________________

Note-

အဆင်မပြေတာလေးတွေရှိရင်ပြောကြပါနော်
အခုမှစရေးတာမို့ နားလည်ပေးကြပါအုံး🙆

ဝေဖန်သုံးသပ်အကြံပြုပေးကြပါအုံးနော်🙇
သဘောကျလား မကျလား ပြောပေးခဲ့ပါ အဆင်ပြေတယ်ဆို နှစ်ရက်တစ်ခါ ပုံမှန်အပ်ပေးပ့မယ်🤍

SECOND CHANCE Where stories live. Discover now