Part-2

181 17 0
                                    

ဆော့ဂျင်လည်း ကျောင်းခန်းထဲရောက်တော့ ကိုယ့်နေရာကိုယ် ၀င်ထိုင်ပြီး ‌သူငယ်ချင်း အလာကို စောင့်နေလိုက်သည်။ စောင့်‌ရင်း သူ စောနက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ကို ပြန်စဉ်းစားမိတော့ ‌တော်တော် အားနာဖို့ကောင်းသည် ခြေထောက်နာတယ်သာ ပြောတယ် ထူဘဲထူပေးပြီး ဘာမှမလုပ်ပေးလိုက်ရ ထပ်တွေ့ဖြစ်ရင် သေချာမေးပြီး အားနာကြောင်း ပြောရအုံးမှာပါလေ ။

ဆော့ဂျင် ဆော့ဂျင် ။
ကင်မ်ဆော့ဂျင်ရေးးး!!

" အမယ်လေး "
" လန့်တာ ပတ်ဂျီမင် ရယ် ဖြေးဖြေးခေါ်ပါဟ "

" ငါခေါ်နေတာ ကြာလှပြီ မင်းမှမကြားဘဲ မင်းဘာတွေ တွေး "

" ငါ ငါ မနက်ကကျောင်းလာတော့ ကျောင်းအ၀င်၀မှာ စက်ဘီးနဲ့ ၀င်တိုက်မိလိုက်တာ "

" ဟင်!! ဟုတ်လား ဘာဖြစ်သွားသေးလဲ ဟိုဘက်ကလူ "

" ဪ ချစ်ဖို့ကောင်းလိုက်တာ ငါ့ကြ ဘာဖြစ်သွားလဲ မမေးဘူးနော် "

" ဟီး ဘာမှမဖြစ်သွားဘူးမလား ? "

" ကဲ ကလေးတို့ "

ဆရာ၀င်လာတော့ သူငယ်ချင်းနှစ်ယောက် စကားစပြတ်သွားသည်။
စာသင်ချိန်ဖြစ်တာမလို့ နှစ်ယောက်လုံး စာကိုဘဲ အာရုံစိုက်လိုက်ကြတယ် တက္ကသိုလ်နောက်ဆုံးနှစ်မို့ စာသာအရေးကြီးတာမလား ဒါပြီးရင် အလုပ်ရမာလေ?

ဆော့ဂျင်သည် လိမ္မာသော ကလေးတစ်ယောက်ပင် မိဘတွေကိုလည်း သူတအားချစ်တယ်‌သည်။ သူနဲ့သိသမျှ ခင်သမျှသူလေးတွေကိုလည်း နွေး"ထွေး" ဆက်ဆံပေးတက်သည်။

ဆော့ဂျင်တို့မိသားစုက တအားချမ်းသာတဲ့ထဲလည်းမပါသလိုဆင်းရဲထဲလည်းမပါ သူသည်တစ်ဦးတည်းသောသား ဖေဖေနဲ့မေမေကို ပြန်စောင့်ရှောက်ရမယ့် တာ၀န်တွေရှိသေးသည် သူစာကြိုးစားရမယ်လို့ ငယ်ငယ်ထဲကတွေးထားပြီးသား။ အေးအေးချမ်းချမ်းမိသားစုလေးလည်းဖြစ်သည်။သူငယ်ချင်းပတ်ဂျီမင်ကတော့ သူဌေးသားလေးပေါ့ ဒါပေမဲ့ သူ့ကိုတော့ တအားခင်ရှာတယ် ပြေးကြည့်မှ ဒီသူငယ်ချင်းနှစ်ယောက်ဘဲရှိတာမို့ ဂျီမင်လေးကိုလည်း သူချစ်သည်။

_____________________________________

ညနေကျောင်းဆင်းတော့ ဂျောင်ဂု မနက်က သူ့ကိုစက်ဘီးနဲ့၀င်တိုက်ခဲ့တဲ့သူကိုရှာသေးသည်။ ဒါပေမဲ့သူမတွေ့ခဲ့ ။ဒီလိုနဲ့သူလည်း အိမ်သို့~~~

SECOND CHANCE Where stories live. Discover now