part-5

242 21 5
                                    

တစ်ပတ် တစ်ပတ်တောင်ကြာသွားပြီ။
ငါ့ကို hyungရှောင်နေတာ တစ်ပတ်ကြာသွားပြီ။ဆိုင်သွားလည်းမ‌တွေ့စောစောပြန်သွားသည်တဲ့လေ ဘာလို့လဲ ငါပြောမိတာ မှားသွားတာများလား ?နေပါအုံး ဘာလို့မှားတယ်လို့တွေးမိတာပါလိမ့် ဂျွန်ဂျောင်ဂု ဘဝမှာ မှားတယ်ဆိုတာမရှိဘူးလေ။ ဘာနေနေ ဒီနေ့တော့ တွေ့တာနဲ့ကိုဆွဲပြီး စကားပြောရမယ်။

at school,

"ဟျောင့် ဆော့ဂျင်"

"ဘာလဲ ဂျီမင်းရာ လန့်တာကွာ"

"ဘာရမှာလဲ မင်း ဂျောင်ဂုကိုရှောင်နေတာ ကြာပြီနော် တွေ့တိုင်းဟိုပတ်ပြေး ဒီပတ်ပြေးနဲ့"

ဟုတ်ပါသည် သူဂျောင်ဂုကို ရှောင်နေတာ။ အမှန်က နှစ်ရက်လို့တွေးခဲ့ပေမဲ့ သူမြင်တိုင်း ဘာဖြစ်မှန်းမသိ ရှောင်နေခဲ့တာ။ သူတော်တော်ကြာအောင် စဉ်းစားနေတာဆို ပိုမှန်မလား သူဝေခွဲမရဘူး သူနဲ့ဒီမတွေ့တဲ့ အတွေးအတွင်း ဂျောင်ဂု အကြောင်းလဲ သူဂျီမင်းမသိ‌အောင် စုံစမ်းနေခဲ့ပါသည်။ ဂျောင်ဂုက ရှုပ်တယ်လို့ကြားပြီးထဲက သူအဖြေပြန်ပေးဖို့ တွန့်နေခဲ့တာ။ တော်ကြာ ခဏလေးတွဲပြီး ထားသွားဘယ်လို လုပ်မလဲ။

"အင်း ငါရှောင်နေတာ မှန်ပါတယ် ။ငါစဉ်းစားနေတာ မင်းမသိအောင် ငါစုံစမ်းနေတာတွေရှိတယ်။သူက ရည်းစားရှုပ်တယ်တဲ့"

"ဟင် ဟုတ်လား ဒါကြောင့် ရှောင်နေတာလား? ဒါဆိုလည်း မဟုတ်သေးဘူးလေကွာ သူ့မတွဲချင်ဘူးဆို မတွဲချင်ဘူး မင်းလဲခဏတွဲချင်တာဆို တွဲချင်တယ်လို့ ထိပ်တိုက် တွေ့ပြီး ပြောပေါ့ကွ"

"‌အေးနော် ဟုတ်တယ် ငါတွေ့ပြီး တစ်ခုခုပြောရမယ်"

‌"အေး"

______________________________________

ဂျောင်ဂု နေ့လည်ရောက်တော့ ကန်တင်းဘက်ထွက်ပြီး hyungကို တွေ့အောင်ရှာသည်။ ပုံမှန်ဆိုတွေ့နေကြ သို့သော် တွေ့ပေမဲ့အရင်ရက်တွေက hyungက သူ့မြင်တာနဲ့တင်က ရှောင်နေတာ ခေါ်ချိန်ကိုမရ ဒီနေ့တော့ မဟုတ်တော့ဘူး ပြေးလည်း လက်ကိုဆွဲပြီးတော့ကို ပြောတော့မယ်။
ဟော ပြောရင်း ဂျီမင်းhyungနဲ့ hyungဒီဘက်လာတာကို တွေ့လိုက်ပါပြီ။ သူလည်း hyungရှိရာ ဘက်ကို လျှောက်သွားလိုက်သည်။ hyungလည်း သူရှိရာဘက်လာနေတာဘဲ အဖြေပြန်ပေးတော့မယ် ထင်တယ်။

SECOND CHANCE Where stories live. Discover now