at6:00pm
ဂျောင်ဂု ညနေ ကျောင်းကပြန်ရောက်တော့ ဆော့ဂျင်ဆီ သွားမယ်ပြင်လိုက်ပေမဲ့ သူ့အဖေမှာထားတာ သတိရပြီး မသွားတော့
"ဒေါ်ကြီး ဒေါ်ကြီး""ဟေ သား ပြောလေ"
"အဖေတို့က ပြန်လာမယ်ပြောထားတယ်မလား မရောက်သေးဘူးပေါ့"
"ဂျွန် လူကြီးမင်းရော ဂျွန်ကတော်ရော ပြန်လာနေပြီဖုန်းဆက်တယ် သား"
"ဟုတ်ပြီ ဟုတ်ပြီ"
သူလည်း သူ့အဖေနဲ့အမေအလာကို ဖုန်းသုံးရင်းဧည့်ခန်းထဲမှာစောင့်နေလိုက်သည်။ ခနနေတော့;
" ဂျောင်ဂု မင်းပြန်ရောက်နေပြီဘဲ ဘယ်မှမသွားနဲ့နော် ခနနေ ဧည့်သည်လာမှာမို့"
"ကျွန်တော်ဘယ်မှမသွားလို့ ဒီမှာထိုင်နေတယ်လေဗျာ ဘာလို့ထပ်ပြောနေတာလဲ မနေ့တည်းကပြောပြီးပြီကို"
သူ့အဖေလည်း ဘာမှပြန်မပြောတော့ဘဲ ရေချိုးရန် အိမ်အပေါ်ထပ်သို့တက်သွားသည်။
ခနနေတော့ သူ့အမေလည်းပြန်ရောက်လာသည်။at 7:00pm
"အိမ်ရှေ့က ကားသံကြားတယ် ဒါရိုက်ဘာချွဲရေ သူတို့လာပြီနေမှာ တံခါးသွားဖွင့်ပေးလိုက်ပါအုံး"
"ဟုတ်ကဲ့ပါ သူဌေး"
တံခါးဖွင့်ခိုင်းပြီး လူကြီးမင်းဂျွန်ရော ဂျွန်ကတော်ရော် အိမ်ပေါက်ကနေ ထွက်စောင့်နေလိုက်သည်။ဂျွန်ဂျောင်ဂုကတော့ ဘယ်သူ့မှဂရုမစိုက် ထိုင်မြဲထိုင်နေစဲ။
"လာကြပြီလား မျှော်နေတာဗျာ မြို့တော်၀န်အီ"
"ကျွန်တော့ မိန်းမနဲ့သမီးလေးကို စောင့်နေရတာပါဗျာ အလှပြင်လို့ကို မပြီးကြသေးလို့"
ရယ်ရယ်မောမော ပြန်ပြောလိုက်သည်။
ဂျွန်ကတော်ကနေ "လာကြပါ အိမ်ထဲကြွကြပါ သားရေး သမီးရေး ကိစ္စဘဲ အေးဆေးပြောကြရမှာပေါ့"
မြို့တော်၀န် ကတော်ကနေ "ဟုတ်ပါ့ အမရယ် သားလေး ဂျောင်ဂုလည်း သမီးလေးနဲ့ပေးတွေ့စေချင်ပြီ"
ဂျောင်ဂု သူတို့ကို ထိုင်သာ ကြည့်နေလိုက်သည်။
(ငါ့ကို မိန်းမပေးစားကြမလို့ဘဲ အဟက် ရတယ်လေ သူတို့ပြောတဲ့အတိုင်း လုပ်ပေးယုံပေါ့ ဒါပေမဲ့ ငါ့ကိုထိန်းချုပ်လို့ရမယ်ထင်နေလား မသိ)