Part-3

184 13 0
                                    

မင်ဆိုရီ!!

မင်းနဲ့ငါပြတ်ပြီ!!!

"ဂျောင်ဂု ငါဘာလုပ်မိလို့လဲ?"

"ဘာလုပ်လုပ် မလုပ်လုပ် မင်းနဲ့ငါပြတ်ပြီ $စကားထပ်ပြောမလာနဲ့တော့ ငါသွားပြီ"

ဂျွန်ဂျောင်ဂု ဂျွန်ဂျောင်ဂု!!!!!

နောက်က အော်ခေါ်နေသော်လည်း လှည့်လည်းမကြည့် နောက်ကမိန်းကလေးဘာဖြစ်နေနေ ဂရုမစိုက်တော့ သူအေးဆေး မုန့်စားရမလား ထွက်လာတောင်မစားဖြစ်ဘဲ ပြန်သွားတာ။

ဟိုတစ်ယောက်နဲ့တွေ့ခဲ့တာတော့ ပျော်တယ် ဒါပေမဲ့ နောက်လူလာလိုက်တာကြောင့် စိတ်ရှုပ်သွားပြီ တွဲနေလို့ အတည်ကြိုက်များ ထင်နေလား နိုးနော် ဂျွန်ဂျောင်ဂု ဘ၀မှာ ဘယ်သူ့မှ အတည်မကြိုက်ဖူးဘူး မချစ်ဖူးဘူး။

မိန်းကလေးတိုင်းနဲ့တွဲချင်တွဲမယ် လက်လေးကိုင်ရုံကလွဲ သူကျန်တာ ဘာမှစိတ်မဝင်စား ဘာမှလည်းမလုပ်ခဲ့ဘူး နဖူးတောင်မနမ်းဘူး ။

ဂျောင်ဂု အိမ်ပြန်ရောက်တော့

"ဟိတ်ကောင် ဂျွန်ဂျောင်ဂု"

"ဘာလဲ အဖေရာ"

"မင်း ဖအေကို ဘယ်လိုထူးနေတာလဲကွ ဟမ်"

(ဖအေလို့သက်မှတ်ချင်စရာကောင်းတာကိုး)

"ကျွန်တော်ကို ဘာပြောချင်လဲ ပြောစရာရှိမြန်မြန်ပြောဗျာ မပြောရင်နားတော့မယ်အပေါ်တက်ပြီး"

"မနက်ဖြန်ကျောင်းဆင်းရင် စောင့်နေအိမ်မာ ဘယ်မှမသွားနဲ့ မင်းမေရော ငါရောစောပြန်လာမာ ကြားလား"

"ဟုတ်ကဲ့ခင်ဗျ ဒါဆိုအပေါ်တက်ပြီနော်"

ပြောပြီး အပေါ်ကိုချက်ချင်းတက်သွားသည် သူ့အခန်းထဲ၀င်ပြီး ပြန်ကိုထွက်မလာတော့;

အခန်းထဲရောက်တော့ သူပြန်တွေးမိသည် hyungက တကယ်ချောတာ မျက်လုံးလေးလဲလှတယ် နှာတံလေးဆိုလည်းဆင်းနေတာဘဲ နှုတ်ခမ်းလေးကလဲဖူးဖူးလေး အသားရေလေးကလဲ ဖွေးအုပြီး လှနေရော ။

"အာ ဟုတ်သား ငါမေ့နေတာ hyungက ဘယ်မေဂျာကလည်း မမေးလိုက်ရဘူး ဘဲ ? သူရောက်လာလို့ မဟုတ်ရင်မေးဖြစ်ရင်မေးမိမှာကိုကွာ ဟားး"

SECOND CHANCE حيث تعيش القصص. اكتشف الآن