»ⁱⁿⁱᵗⁱᵃᵗⁱᵒⁿ«

134 8 10
                                    

UNICODE

အခိုးအငွေ့တွေဟာ လေထုထဲမှာ မြောလွင့်ကာ ဝေ့ဝဲသည်...။
အချိန်အားဖြင့် မိုးသောက်ချိန် လေးနာရီ...။
မှုန်ရီဝေနေသော အမြင်အာရုံတို့က ခပ်စပ်စပ် ကျိန်းနေသော်ငြား မျက်ဝန်းတွေမှာ မှိတ်ကျမသွား...။
ထိုသူဟာ အမှောင်ထုထဲမှာ ငြိမ်သက်ကာ ဆေးလိပ်ဖြူကိုသာ ဆက်ဖွာနေခဲ့သည်...။

WHITE C.R.I.M.I.N.A.L

...........

...........

...........
...........

...........

...........
...........

...........

...........

WHITE C.R.I.M.I.N.A.L

"Kim JiWoongက~? မဖြစ်နိုင်တာ!"

တစ်နိုင်ငံလုံးသို့ ဖိန့်ဖိန့်တုန်အောင်အထိ ခြောက်လှန့်လိုက်သော သတင်းတစ်ခုဟာ နေ့ချင်းညချင်း Mediaအစုံမှာ တက်လာသည်...

တောင်ကိုရီးယားသမ္မတကြီး၏ သားဦးဖြစ်သည့် အသက်နှစ်ဆယ့်လေးနှစ်အရွယ် Kim JiWoongဟာ မနေ့ညက နာမည်ကြီးGangတစ်ခုမှ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသည်...Gang Leaderကိုယ်တိုင်က သတင်းပေးခဲ့တာဖြစ်ပြီး အန္တာရာယ်ပေးဖို့ မဟုတ်တာမို့ စိတ်ချဖို့ကိုလဲ ဆက်ပြောသွားခဲ့သည်...

ပြည်သူတွေအားလုံးဟာ နားမလည်ခြင်းများစွာနဲ့ သူသူငါငါ မေးငေါ့နေကြ၏...ပြသနာတွေက ရှုပ်ထွေးသည်ထင်ရသော်လည်း ထူးဆန်းစွာ အထက်ဘက်ဟာ ငြိမ်သက်နေခဲ့သည်...ထိုနေ့ပြီးသည့် နောက်ရက်တွင် Kim JiWoong၏ သတင်းတွေအား အစအနပင် မကျန်အောင် ပိတ်သိမ်းပစ်ကာ အမှုကိုလဲ ပယ်ဖျက်ခဲ့သည်...ဤသို့ဖြင့် အဓိကရုဏ်းတွေက တစ်ပတ်လောက်သာခံပြီး နောက်တော့လဲ ပုံမှန်လေးပဲ ပြန်ဖြစ်သွား၏...

အင်း...
ထိုသို့ထင်ရသည်ပဲ...။

"ငါ့ကိုလွှတ်ပေး! ဘာလုပ်ဖို့ ငါ့ကိုဖမ်းထားရတာလဲ!!"

ရေညှိထမင်းလိပ်လေးတွေက ကြမ်းပြင်ပေါ်မှာ အပြန့်ပြန့် အကျဲကျဲ တစ်နေရာစီ ကျသွားသည်...အခန်းထဲက လှည့်ထွက်သွားသော အစားအသောက်ပို့သူနောက်သို့ အပြေးလိုက်ရာတွင် မမှီခင် အခန်းတံခါးဟာ ပိတ်ကျသွား၏...လက်တွေနာအောင်အထိ ထုရိုက်ပြီး အော်ဟစ်နေသော်လည်း အကျုံးမဝင်...ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ် လျှောချထိုင်လိုက်ရင်းက အခန်းကြီး၏ ပတ်ပတ်လည်အား သွေးပျက်စွာ လိုက်ကြည့်မိသည့်နောက် မကျေနပ်မှုတွေက ပိုတိုးလာတော့သည်...

WHITE C.R.I.M.I.N.A.LWhere stories live. Discover now