»ˢᵒᵐᵉᵗⁱᵐᵉ«

79 6 16
                                    

UNICODE

တစ်ခါတစ်ရံမှာ ခံစားချက်တွေက ဗလာဖြစ်နေပြီး ဝေးဝေးကို ပြေးထွက်သွားတတ်သည်...။
တစ်ခါတစ်ရံမှာ ခံစားချက်တွေက အသက်ဝင်နေပြီး နီးနီးလေး တိုးကပ်လာတတ်သည်...။
တစ်ခါတစ်ရံမှာ တင်းထားတဲ့ စိတ်တွေကို လွှတ်ချပြီး အာရုံတွေလဲ ဆက်မနောက်ချင်တော့ပြီ...။
တစ်ခါတစ်ရံမှာ.....။

WHITE C.R.I.M.I.N.A.L

...........

...........

...........
...........

...........

...........
...........

...........

...........

WHITE C.R.I.M.I.N.A.L

"အိမ်တော်ထိန်းကြီး...Yoo JongWoonရော...?
အဲ မဟုတ်ပါဘူး...Yoon JongWooရော...?"

အိမ်အောက်သို့ ဆင်းသည်နှင့် Yoon JongWooကို တွေ့ချင်နေသော စိတ်ဟာ နာမည်တောင် မှားမေးမိသည်အထိ...အမေးခံလိုက်ရသော အိမ်တော်ထိန်းကြီးကတော့ ထုံးစံအတိုင်း ခေါင်းကိုခါကာ...

"သခင်လေးက အခုထိ ပြန်မလာသေးပါဘူး..."

မျှော်လင့်နေမိတဲ့ ကိုယ့်ကိုယ်ကို ပြန်ဖြေလျှော့လို့ ခေါင်းသာငြိမ့်ပြရင်း JiWoongခြံထဲသို့ ဆင်းလာလိုက်သည်...Gang Leaderလေး Yoon JongWooက ခရီးဆိုပြီး ပျောက်သွားတာ တစ်ပတ်လောက်ကို ရှိလေပြီ...ပြောရရင် JiWoongရင်ခွင်ထဲတိုးပြီး ငိုကြွေးခဲ့တဲ့ညက စ၍ပင်...

ထိုနေ့ညက သူ့ကို အားကိုးတကြီး ဖက်တွယ်ပြီး ငိုခဲ့ပါသော Yoon JongWooဟာ သူ့ရင်ခွင်ထဲမှာ မောကာ အိပ်ပျော်သွားတာကြောင့် JiWoongလဲ ကိုယ့်အခန်းကို မပြန်တော့ပဲ ထိုကောင်လေးနဲ့အတူ တခုတင်တည်းမှာ အိပ်ခဲ့သည်...အိပ်ပျော်သွားပြီး မကြာ...ခြေသံတရှပ်ရှပ်ကို ကြားရတာကြောင့် ပြန်နိုးလာခဲ့တော့ တွေ့ရသည်မှာ ပြာယာခတ်နေတဲ့ Gang Leaderကိုဖြစ်သည်...

"မင်း...ဘာလုပ်နေတာလဲ..."

''Sorry Woong~ ကျွန်တော့်ကြောင့် အနှောင့်အယှက် ဖြစ်သွားလား...''

အံဆွဲတွေအများကြီးကို ဟိုဖွင့်ဒီဖွင့် လုပ်နေတဲ့ Yoon JongWooက သူ့အသံကြားတော့ တစ်ချက်လှည့်ကြည့်လာပြီး မေးသည်...အစောပိုင်း ငိုထားတာကြောင့် နွမ်းနယ်နေတဲ့ မျက်နှာလေးက အဖျားသွေးရှိသူလို ရဲရဲတောက်ကာ ဖူးနေသေးသည်...

WHITE C.R.I.M.I.N.A.LWhere stories live. Discover now