»ᵘⁿᵉˣᵖᵉᶜᵗᵉᵈˡʸ«

79 7 12
                                    

UNICODE

မှန်ရှေ့က ထိုသူဟာ ထုံးစံတွေအတိုင်း မျက်နှာတည်နဲ့ ကိုယ့်ကိုယ်ကို ငေးနေခဲ့သည်...။
အမာရွတ်တချို့ကြားမှ ဝဲဘက်ရင်အုံက တက်တူးစာတန်းလေးတစ်ခုဟာ ထင်းထင်းလင်းလင်း ရှိလှသည်...။
ကွေးညွတ်သွားသော နှုတ်ခမ်းပါးလေးသည်
ထူးဆန်းစွာ အစစ်အမှန် ဆန်နေခဲ့၏...။

WHITE C.R.I.M.I.N.A.L

...........

...........

...........
...........

...........

...........
...........

...........

...........

WHITE C.R.I.M.I.N.A.L

"ဘာလုပ်ဖို့ ငါ့ကို ဒီလိုဖမ်းထားရတာလဲ...ကျေးဇူးပြုပြီး မင်းလိုချင်တာကိုသာ ပြောစမ်းပါ! ငါတကယ်မွန်းကျပ်နေပြီ! ​လှောင်ပိတ်ခံထားရတဲ့ ငါ့ဘဝကိုငါ မုန်းနေပြီလို့!"

နှစ်ယောက်ဆုံသွားသည့်အခါတိုင်း မကျေနပ်သော စကားသံများသည် ထွက်မြဲဖြစ်၏...ထို့အတူ ခပ်သေးသေး အပြုံးတစ်ပွင့်နဲ့ပဲ လှည့်ထွက်သွားသူသည်လဲ JiWoongရဲ့ စကားတွေကို လျစ်လျူရှုမြဲဖြစ်သည်...ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်တွေကို ဘာမှမသိပေမဲ့ JiWoongလိုချင်သည်ဟာ လွတ်လပ်မှုသာ ရှိသည်...

နန်းတော်ကြီးလို ထင်ရသည့်...
မဟုတ်...
တကယ်ကို နန်းတော်ဖြစ်နေသည့် ဤအိမ်အကြီးကြီးထဲမှာ နေ့ရှိသရွေ့ ပိတ်လှောင်နေရသည်...အကျယ်ချုပ် ကျနေသလို ခံစားချက်မျိုးက JiWoongအတွက်တော့ သိပ်ခါးသီးစေပါသည်...ဒါဆိုဒါ ဘာဆိုဘာ လိုချင်တာမှန်သမျှ ရနိုင်သည် မှန်သော်လည်း JiWoongအတွက်
ပျော်ရွှင်မှု...
လွတ်လပ်မှု...
ပေါ့ပါးမှုတွေကတော့ ပျောက်ဆုံးနေသည်...

ခက်သွားသည်မှာ JiWoongတကယ် လိုအပ်သည်ကလဲ အကောင်းစား ထမင်းပွဲ အချိုပွဲတွေ မဟုတ်ပဲ ကိုယ်ပိုင်ဘဝကိုသာ ဖြစ်သည်...အတော်စိတ်ညစ်ရပါ၏...

"ခြံထဲခနဆင်းရအောင်..."

"အိမ်ပြန်ပို့ပေး..."

လူကိုတွေ့တာနဲ့ ထိုစကားကိုသာ JiWoongထိပ်က ပိတ်ပြောသည်...သို့သော် သူဟာလဲ ဂရုမစိုက်ဆဲ ဂရုမစိုက်ပါပဲ အကြောတင်းသည်...အိမ်ပြန်ပို့ပေးဖို့ချည်း ဒိုင်ခံပြောနေတော့ နားငြီးလာပုံရသည့် သူက JiWoongကို ကိုယ်တိုင်ပင် လက်လာဆွဲပြီး ခေါ်ထုတ်သည်...

WHITE C.R.I.M.I.N.A.LWhere stories live. Discover now